မြောက်ကိုရီးယားအမြောက်တပ်ဖွဲ့များ နယ်စပ်ဒေသတွင် တပ်စွဲထား

 


ပြုံယမ်း    အောက်တိုဘာ    ၁၄

တောင်ကိုရီးယားနိုင်ငံမှ ဒရုန်းများကို စောင့်ကြည့်ရန် တောင်ကိုရီးယားနှင့် ထိစပ်နေသည့် နယ်စပ် ဒေသ၌ မြောက်ကိုရီးယားအမြောက်တပ်ဖွဲ့များကို တပ်စွဲထားကြောင်း မြောက်ကိုရီးယား ကာကွယ်ရေးဝန်ကြီးဌာနက   ပြောကြားခဲ့သည်ဟု  ယနေ့ အင်န်အိတ်ချ်ကေသတင်းအရ   သိရ
သည်။

တုံ့ပြန်ဆောင်ရွက်

အောက်တိုဘာ ၁၃ ရက်တွင် ကာကွယ်ရေးဝန်ကြီးဌာနက အထက်ပါကိစ္စနှင့်ပတ်သက်ပြီး မြောက်ကိုရီးယားနိုင်ငံပိုင် ကေစီအင်န်အေ  သတင်းဌာနမှတစ်ဆင့်  ကြေညာခဲ့သည်။

တောင်ကိုရီးယားတပ်ဖွဲ့သည် မြောက်ကိုရီးယားနိုင်ငံ မြို့တော် ပြုံယမ်းသို့ ယခုလအစပိုင်းတွင် ဒရုန်းယာဉ်များစေလွှတ်ပြီး ဝါဒဖြန့်ချိရေးစာရွက်များကို ကြဲချခဲ့သဖြင့် ယခုကဲ့သို့  တုံ့ပြန်ဆောင်ရွက် ခြင်းဖြစ်သည်ဟု မြောက်ကိုရီးယားကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားသည်။

မြောက်ကိုရီးယားနိုင်ငံ၏  လေပိုင်နက်အား စောင့်ကြပ်ကြည့်ရှုသည့်လုပ်ငန်းများကိုလည်း မြှင့်တင် ခဲ့သည်။  မိမိနိုင်ငံ၏  လေပိုင်နက်အား ခြိမ်းခြောက်လာပါက    လိုအပ်သလို    အရေးယူဆောင်ရွက် မည်ဟု  မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်၏ညီမ ကင်ယိုဂျောင်က ပြောကြားသည်။

တောင်ကိုရီးယားတပ်ဖွဲ့ကလည်း မိမိနိုင်ငံကို အန္တရာယ်ကျရောက်လာပါက လိုအပ်သလိုကာကွယ် သွားမည်ဟုအပြန်အလှန်အနေဖြင့်ပြောကြားခဲ့သည်။                             

ကိုးကား - အင်န်အိတ်ချ်ကေ

ဘာသာပြန် - စိုးသူရ

No comments

Powered by Blogger.