ကင်ညာနိုင်ငံ၌ မျောက်ကျောက်ရောဂါကူးစက်ခံရပြီးနောက်ပထမဆုံးသေဆုံးမှုဖြစ်ပွား

 


အောက်တိုဘာ ၁၅

ကင်ညာနိုင်ငံတွင် မျောက်ကျောက်ရောဂါကူးစက်ဖြစ်ပွားမှုဆက်လက်မြင့်တက်လျက်ရှိရာ ယင်းရောဂါ ကူးစက်ခံရပြီးနောက် ပထမဆုံးသေဆုံးမှုဖြစ်ပွားကြောင်း ယမန်နေ့က အတည်ပြုသတင်းထုတ်ပြန် ထားသည်။

နိုင်ငံအတွင်း မျောက်ကျောက်ရောဂါဖြစ်ပွားသူ ၁၃ ဦးရှိလာကြောင်း ကျန်းမာရေးဝန်ကြီးဌာန အကြီးအကဲက မြို့တော်နိုင်ရိုဘီတွင် သတင်းထုတ်ပြန်ခဲ့သည်။

အဆိုပါရောဂါကူးစက်ဖြစ်ပွားသူများအနက် ရှစ်ဦးသည် ကျန်းမာရေး အပြည့်အဝပြန်လည်ကောင်းမွန် လာပြီး ဆေးရုံမှ ဆင်းခွင့်ရရှိပြီဖြစ်ကြောင်းနှင့် အခြားလေးဦးမှာ ဆေးရုံအသီးသီးတွင် ကုသမှုခံယူနေပြီး ကျန်းမာရေးပြန်လည် ကောင်းမွန်လာဆဲဖြစ်ကြောင်း ၎င်းကပြောကြားသည်။

ကျန်းမာရေးဝန်ကြီးဌာနက ၂၃၈ ဦး၏သွေးနမူနာများကို မျောက်ကျောက်ရောဂါကူးစက်မှုရှိ၊ မရှိ စစ်ဆေးကြည့်ရာ ၁၃ ဦးမှာ မျောက်ကျောက်ရောဂါကူးစက်မှုရှိကြောင်းစစ်ဆေးတွေ့ရှိပြီး ၂၂၅ ဦးမှာ ထိုရောဂါကူးစက်မှုမရှိဟု  သိရသည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့က မျောက်ကျောက်ရောဂါကူးစက်မှုအား နိုင်ငံတကာပြည်သူ့ကျန်းမာရေး အရေးပေါ်အခြေအနေအဖြစ် ဩဂုတ်လ ၁၄ ရက်က ကြေညာခဲ့သည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို

No comments

Powered by Blogger.