အစ္စရေး လက်တုံ့ပြန်တိုက်ခိုက်မှုကိုရင်ဆိုင်ရန် အီရန်က သဘောထားတင်းမာကြောင်း ပြသ
တီဟီရန် အောက်တိုဘာ ၁၂
အစ္စရေးက အီရန်တိုက်ခိုက်မှုကို လက်တုံ့ပြန်တိုက်ခိုက်နိုင်ခြေ
နီးကပ်လာချိန်တွင် အီရန်နိုင်ငံခြား ရေးဝန်ကြီးက အီရန်နိုင်ငံသည် ပိုမိုအားကောင်းသော ခုခံကာကွယ်ရေးလုပ်ဆောင်မှုများကို
လုပ်ဆောင်ရန် တွန့်ဆုတ်နေမည် မဟုတ်ကြောင်း သတိပေး ပြောကြားလိုက်သည်။
ကမ္ဘာတစ်ဝန်းရှိ နိုင်ငံခြားရေး ဝန်ကြီးများထံ
စာတစ်စောင်ပေးပို့လိုက်ကြောင်း အီရန်နိုင်ငံခြားရေးဝန်ကြီး အဘတ်စ်အရာဂ်ချီ က ပြောသည်။ ဂါဇာကမ်းမြောင် နှင့် လက်ဘနွန်နိုင်ငံတွင် အစ္စရေး၏
လုပ်ဆောင်မှုများက လူသားမျိုးနွယ်အပေါ် စစ်ရာဇဝတ်မှုဆိုင်ရာကျူးလွန်သည့် ရှင်းလင်းသော
ဥပမာတစ်ခုဖြစ်ပြီး ၎င်းတို့ကို အမြန်ဆုံး ရပ်တန့်ရေးနှင့် ပြတ်သားသော အရေးယူလုပ်ဆောင်ရေး
နိုင်ငံတကာအသိုင်းအဝိုင်းကို တိုက်တွန်းထားကြောင်း အီရန်နိုင်ငံခြားရေးဝန်ကြီးဌာနက
ပြောသည်။
လက်ဘနွန်နိုင်ငံတောင်ပိုင်းရှိ ကုလသမဂ္ဂငြိမ်းချမ်းရေး
ထိန်းသိမ်းရေးတပ်ဖွဲ့သည် လွန်ခဲ့သော ၂၄ နာရီအတွင်း ဒုတိယအကြိမ် ပေါက်ကွဲမှုများကြောင့်
ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ကုလသမဂ္ဂက ပြောသည်။
လေ့လာစောင့်ကြည့်ရေး မျှော်စင်တစ်ခုအနီးတွင်
ပေါက်ကွဲမှု နှစ်ကြိမ်ဖြစ်ပွားပြီးနောက် ကုလသမဂ္ဂ ငြိမ်းချမ်းရေးထိန်းသိမ်းရေးတပ်ဖွဲ့ဝင်နှစ်ဦး
ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ တစ်ဦးကိုတိုင်ယာမြို့ရှိ ဆေးရုံ တစ်ရုံသို့ပို့ဆောင်ပေးခဲ့ကြောင်းနှင့်
အခြားတစ်ဦးမှာ နာကေရာမြို့ရှိ ဆေးရုံ၌ဆေးဝါးကုသမှု ခံယူလျက်ရှိကြောင်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဆိုင်ရာ
လက်ထောက်ပြောရေး ဆိုခွင့်ရှိသူ ဖာဟန်ဟတ်က ပြောသည်။
အင်န်အိတ်ချ်ကေ
No comments