ကျောက်ဆည်မြို့နယ်တွင် ရေကြီးနစ်မြုပ်မှုကြောင့် ထိခိုက်စပါးခင်းများအား ပြန်လည်ကုစားရန် သွင်းအားစုများ ထည့်သွင်းခြင်း ကွင်းသရုပ်ပြ

 



ကျောက်ဆည်၊ အောက်တိုဘာ ၁၁

 

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် ရေကြီးနစ်မြုပ်မှုကြောင့် ထိခိုက်စပါးခင်းများအား ပြန်လည်ကုစားရန် သွင်းအားစုများ ထည့်သွင်းခြင်း ကွင်းသရုပ်ပြပွဲကို ယနေ့နံက် ၉ နာရီက ပတ္တာကျေးရွာ တောင်သူဦးစိုးလင်း စိုက်ပျိုးထားသော ကွင်းအမှတ် (၂၀၉-ခ)၊ ဦးပိုင်အမှတ် (၀၃/၂) ဧရာမင်းစပါးမျိုး စိုက်ပျိုးထားသည့် လယ်(၂)ဧကတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

 

ကွင်းသရုပ်ပြပွဲတွင် ကျောက်ဆည်ခရိုင် စိုက်ပျိုးရေးဦးစီးဌာနမှ မြေတာဝန်ခံနှင့် မျိုးစေ့တာဝန်ခံများဖြစ်သည့် ဒေါ်ရီရီဌေးနှင့် ဒေါ်မို့မို့စိုးတို့က ရေကြီးနစ်မြုပ်မှုကြောင့် ထိခိုက်သောလယ်ယာမြေများ ပြုပြင်ထိန်းသိမ်းရာတွင် လိုက်နာရမည့်အကြောင်းများနှင့် သီးနှံများပြန်လည်စိုက်ပျိုးရာတွင် လိုက်နာဆောင်ရွက်ရမည့် နည်းလမ်းများအကြောင်း ရှင်းရှင်းလင်းပြောကြားခဲ့ပြီး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်းနှင့် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ရေကြီးနစ်မြုပ်ထိခိုက်ခဲ့သည့် တောင်သူများအား သွင်းအားစုများ ထောက်ပံ့ပေးအပ်ခဲ့ပြီး တောင်သူဦးစိုးလင်း စိုက်ပျိုးထားသည့် ထိခိုက်ဧရာမင်းစပါး စိုက်ခင်းများအား ပြန်လည်ကုစားသည့်အနေဖြင့် သွင်းအားစုများ စုပေါင်းပက်ကျဲခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

 

ကျောက်ဆည်မြို့နယ်တွင် ရေကြီးမှုကြောင့် ကျေးရွာအုပ်စုပေါင်း (၅၄) အုပ်စုမှ မိုးစပါး (၂၈၀၉၁) ဧက ရေဝင်ရောက်မှုများ ဖြစ်ပါ်ခဲ့ပြီး ပျက်စီးစပါး (၈၂၁၆) ဧက၊ ထိခိုက်စပါး (၂၆၄၆၁) ဧကရှိကြောင်း သိရသည်။

             

 

သက်မောင်(ကျောက်ဆည်)

No comments

Powered by Blogger.