နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး နေပြည်တော်အတွင်း ရေစီးရေလာကောင်းမွန်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုစစ်ဆေး
နေပြည်တော် အောက်တိုဘာ ၁၁
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် နေပြည်တော်ကောင်စီဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူ များနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ဇေယျာသီရိမြို့နယ်၊ သစ်တပ်ကျေးရွာအနီး ပင်လောင်းလမ်းဆုံ၊ ရန်ကုန်-မန္တလေးပြည်ထောင်စုလမ်းမကြီး လမ်းဘေးဝဲ/ယာရှိ ရေမြောင်းများ ရေစီးရေလာကောင်းမွန်စေရေး ကြည့်ရှုစစ်ဆေးပြီး ရေစီးဆင်းမှု တစ်ဆက်တစ်စပ်တည်း ဖြစ်စေရေးအတွက် မြောင်းများ ဆက်လက် တူးဖော်ဆောင်ရွက်နိုင်ရေးတို့ကို အမြန်ဆောင်ရွက်ရန် တာဝန်ရှိသူများကို မှာကြားသည်။
ဆက်လက်၍ ပျဉ်းမနားမြို့နယ်၊ သစ်ဆိမ့်ပင်ကျေးရွာအနီး ရေကြီးရေလျှံမှုကြောင့် ပျက်စီးခဲ့သည် ပေါင်းလောင်းလက်ယာ မြောင်းမ ကြီး RD-3200 ရေမြောင်းတာဘောင်အား နေပြည်တော် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ စက်ယန္တရားများဖြင့် ပြုပြင်ဆောင်ရွက်နေမှု အခြေအနေများ၊ လယ်ရေထုတ်မြောင်းများ ပြုပြင်ဆောင်ရွက်နေမှုအခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး စိုက်ပျိုးရေများ အချိန်မီပေးဝေနိုင်ရေး တာဝန်ရှိသူများအား မှာကြားပြီး လိုအပ်သည်များ ပေါင်းစပ် ဆောင်ရွက်ပေးသည်။
ထို့နောက် သစ်ဆိမ့်ပင်ကျေးရွာနှင့် ပေါစံခေါကျေးရွာအကြားရှိ သကြားစက်ရိုးချောင်း ရေစီးဆင်းမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး ရိုးတစ်လျှောက် ရေစီးဆင်းမှုကောင်းမွန်စေရေးကို အမြန် ဆောင်ရွက်ကြစေလိုကြောင်းနှင့် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ် ဆောင်ရွက်ပေးသည်။
ယင်းနောက် ဆင်သေကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)သို့ ရောက်ရှိပြီး ကျောင်းအတွင်း ရေများ ဝင်ရောက်ခဲ့မှုကြောင့် ယာယီပိတ်ထားရာမှ ကျောင်းပြန်လည်ဖွင့်လှစ်ပြီး ကျောင်းသား/ ကျောင်းသူ များ ပညာသင်ကြားနေမှုအခြေအနေများကိုလည်းကောင်း၊ ဆင်သေ ကျေးရွာအနီး မွန်းတည်ခွင်- ကျည်တောင် - ခေါမ - ညောင်ပင်သာ တို့ ဆက်သွယ်ထားသော လမ်း ပေါ်ရှိ တံတားအမှတ်(၂/၂၀)အောက် ရေစီးဆင်းမှုကောင်းမွန်စေရေးကိုလည်းကောင်း၊ ညနေပိုင်းတွင် လယ်ဝေးမြို့နယ်၊ ပျံချီကျေးရွာသို့ သွားရောက်ပြီး ကျေးရွာ အဝင်လမ်းနှင့် ရွာတွင်းလမ်းများအား ကျောက်ရောမြေ(ရိစာ) ခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုကိုလည်းကောင်း ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည် များမှာကြားပြီး ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)
.jpg)
No comments