အီဂျစ်တောင်ပိုင်း ရထားမတော်တဆမှု တစ်ဦးသေဆုံး၊ ၂၁ ဦး ဒဏ်ရာရ
ကိုင်ရို အောက်တိုဘာ ၁၃
အီဂျစ်နိုင်ငံတောင်ပိုင်း မင်ရာပြည်နယ်တွင် အောက်တိုဘာ ၁၃ ရက် နံနက်အစောပိုင်းက
ရထား တိုက်မှုဖြစ်ပွားခဲ့ရာ လူတစ်ဦး သေဆုံးပြီး
၂၁ ဦး ဒဏ်ရာရရှိခဲ့ ကြောင်း အီဂျစ်ကျန်းမာရေးဝန်ကြီး ဌာနက ပြောကြားသည်။
တောင်ပိုင်းပြည်နယ် အက်စ်ဝမ်မှ
မြို့တော်ကိုင်ရိုသို့ ဦးတည်လာသော ရထားတစ်စင်း၏ ရထား နောက်တွဲ နှစ်တွဲတို့ အချိတ်အဆက်ပြတ်တောက်ခြင်းကြောင့် လမ်းချော်ကာ မတော်တဆမှုဖြစ်ပေါ် ခဲ့ကြောင်း အီဂျစ်မီးရထားအာဏာပိုင်များက ပြောကြားသည်။
ပို့ဆောင်ရေးဝန်ကြီး ကာမယ်အယ်လ်ဝါဇီယာက
ရထားမတော်တဆမှုနှင့်ပတ်သက်၍ အကြောင်းရင်း ကို ဖော်ထုတ်နိုင်ရေး စုံစမ်းရေးကော်မတီတစ်ရပ်ဖွဲ့စည်းရန် အမိန့်ထုတ်ပြန်လိုက်သည်။
ဆင်ဟွာ
No comments