MyanmarPay (Digital Payment Switch) ရှေ့ပြေးစမ်းသပ် ဆောင်ရွက်နေမှုများနှင့် အဖွဲ့ဝင်များလိုက်နာရန် စည်းမျဉ်းစည်းကမ်းများ၊ Go-Live သွားမည့် အစီအစဉ်များကို ကွင်းဆင်းစစ်ဆေး



ရန်ကုန် ၊ အောက်တိုဘာ ၁၅


မြန်မာနိုင်ငံတော်ဗဟိုဘဏ်က အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် MyanmarPay (Digital Payment Switch) ရှေ့ပြေးစမ်းသပ် ဆောင်ရွက်နေမှုများနှင့် အဖွဲ့ဝင်များလိုက်နာရန် စည်းမျဉ်း စည်းကမ်းများ၊ Go-Live သွားမည့် အစီအစဉ်များကို ကွင်းဆင်းစစ်ဆေးခြင်းကို ယနေ့ နံနက် ၁၀ နာရီတွင် အမှတ် (၂၆) (က)၊ ဆူးလေဘုရားလမ်းနှင့် ဘဏ်လမ်းထောင့်၊ မြန်မာနိုင်ငံတော် ဗဟိုဘဏ်၊ ဆူးလေရုံးခွဲ၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့၌ ကျင်းပသည်။


အစည်းအဝေးသို့ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ ဥက္ကဋ္ဌဦးဆောင်၍ ညွှန်ကြားရေးမှူးချုပ်များ၊ မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှတာဝန်ရှိသူများ၊ ဘဏ်များ၊ မိုဘိုင်းငွေရေးကြေးရေးဝန်ဆောင်မှု လုပ်ငန်းများ၊ ရောင်းချသူကိုယ်စား ငွေကောက်ခံရှင်းလင်းသည့် ဝန်ဆောင်မှုလုပ်ငန်းများ System Operator ဖြစ်သည့် PayPlus Co.,Ltd ၊ Andaman Capital Partners နှင့် နည်းပညာ ကော်မတီအဖွဲ့ဝင်များ တက်ရောက်ကြသည်။ 


ဦးစွာ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဥက္ကဋ္ဌသည် MyanmarPay ၏ Operator ဖြစ်သည့် PayPlus Co.,Ltd  ၏ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ ဆူးလေရုံးခွဲရှိ ရုံးခန်းဖွဲ့စည်းထားရှိမှု အခြေအနေများကို လိုက်လံကြည့်ရှုစစ်ဆေးသည်။  

          

ယင်းနောက် မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဥက္ကဌက MyanmarPay (Digital Payment Switch) Project အား ၂၀၂၁ ခုနှစ်မှ စတင်ပြင်ဆင်ခဲ့ပြီး ဆောင်ရွက်ရမည့် Business Model များ၊ Infrastructure များ ညှိနှိုင်းပြင်ဆင်ခဲ့ရပြီး ၂၀၂၃ ခုနှစ်မှသာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့ ပါကြောင်း၊ PayPlus Co.,Ltd ကို အော်ပရေတာအဖြစ်လည်းကောင်း၊ နည်းပညာပိုင်းဆိုင်ရာကို Andaman Capital Partners ကိုလည်းကောင်း တာဝန်ပေးအပ်ခဲ့ပါကြောင်း၊ MyanmarPay (Digital Payment Switch) သည် National Level Project ဖြစ်သည့်အတွက် ပြည်တွင်းသာမက ပြည်ပနှင့်ပါ QR Payment များချိတ်ဆက်ဆောင်ရွက်မည်ဖြစ်သဖြင့် ကနဦးကတည်းက ပုံရိပ်ကောင်းမွန်ပြီး အောင်မြင်စေရန်အတွက် အားလုံးအတူတကွ ပါဝင်ရန်လိုအပ်ကြောင်း System တစ်ခုတည် ဆောက်ရန်အချိန်အားဖြင့်လည်းကောင်း၊ ငွေအရင်းအနှီးအားဖြင့်လည်းကောင်း ကျွမ်းကျင်မှုများကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ရသဖြင့်လည်းကောင်း၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ Payment Strategy နှင့်အညီ ဆောင်ရွက်ရသဖြင့် အချိန်ယူရပါကြောင်း၊ အဖွဲ့ဝင် Participant များ၏ နည်းပညာနှင့်အညီ ကိုက်ညီစေရန်လည်း စီစဉ်ဆောင်ရွက်ရသဖြင့်လည်း ယခုလို Pilot အခြေအနေအထိ ရောက်ရှိလာသည့်အတွက် အားလုံးကိုကျေးဇူတင်ရှိပါကြောင်း ပြောကြားခဲ့ပါသည်။ MyanmarPay QR ကို အကောင်အထည်ဖော်ပြီးပါက ဘဏ်နှင့် မိုဘိုင်းငွေရေးကြေးရေး ဝန်ဆောင်မှု လုပ်ငန်းများ၊ ရောင်းချသူကိုယ်စား ငွေကောက်ခံရှင်းလင်းသည့် ဝန်ဆောင်မှုလုပ်ငန်းများ အသုံးပြုသူများအကြား ငွေပေးချေမှုကို မတူညီသည့် Payment Platform များနှင့် Model များကို Switching တစ်ခုတည်ဆောက်ပြီး အပြန်အလှန်ပေးချေမှုများပေးချေနိုင်ရန် ‌ဆောင်ရွက်ရခြင်းဖြစ်၍ Security ပိုင်း၊ Monitoring ပိုင်း၊ Settlement ပိုင်းအားကောင်းရန် လိုအပ်ပါကြောင်း၊ လက်တွေ့‌ဆောင်ရွက်မှုများကို ရှေ့ပြေးစမ်းသပ်ဆောင်ရွက်နေသော KBZ Pay, AYA Pay, OK$, Wave Money တို့မှ ၎င်းတို့၏ Payment Platform များနှင့် Digital Payment Switch ချိတ်ဆက် ဆောင်ရွက်မှုများကို လေ့လာကြည့်ရှုပြီး လိုအပ်သည်များမှာကြားသည်။


MyanmarPay (Digital Payment Switch) ဝန်ဆောင်မှု အသုံးပြုပုံကိုလက်တွေ့ သရုပ်ပြ ရှင်းလင်းခြင်း MyanmarPay Project တွင်ပါဝင်သည့်  Pilot Participant များဖြစ်သည့် KBZ Pay, AYA Pay, OK$, Wave Money တို့နှင့် Payplus Co.,Ltd မှတာဝန်ရှိသူများက ပေးချေသူ (Customer) မှ ငွေလက်ခံသူလုပ်ငန်းရှင် (Merchant) သို့ ငွေပေးချေသည်နှင့်တစ်ပြိုင်နက်တည်း Transaction ဝင်ရောက်မှုအား  System တွင် တိုက်ရိုက်(Live) ကြည့်ရှုခြင်း ၊ ဘဏ်နှင့် settlement Process များ၊ Merchant Registration ပြုလုပ်ခြင်းအား စမ်းသပ်ခြင်းတို့ကို Test Scenario (၉) ခုဖြင့် သရုပ်ပြ ရှင်းလင်းခဲ့သည်။ 


ဆက်လက်၍ နေ့စဉ်ဆောင်ရွက်ထားသည့် Transaction များကို စာရင်းရှင်းလင်းခြင်း (Settlement) ပြုလုပ်မည့် လုပ်ငန်းစဉ်များကိုတင်ပြသည်။ MyanmarPay အသုံးပြုမှုကိုစတင်နိုင်ရန်အတွက် အစီအစဉ်များကို Production Testing ကို အဆင့် (၃) ဆင့်ဖြင့် ဆောင်ရွက်မည်ဖြစ်ပြီး၊ ပထမအဆင့်တွင် Dummy Merchant များ၊  ဒုတိယအဆင့်တွင် Friendly Merchant များဖြင့် စမ်းဆောင်ရွက်မည်ဖြစ်ပြီး၊  တတိယအဆင့်အနေဖြင့် အများပြည်သူများစတင် အသုံးပြုနိုင်ရေး (Go-Live) ကို ဆောင်ရွက်မည်ဖြစ်ကြောင်းနှင့် Go-Live ကို လာမည့် ဒီဇင်ဘာလတွင် လျာထားကြောင်း တင်ပြသည်။ 


ယင်းနောက် မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌက MyanmarPay (Digital Payment Switch) Project အတွက် မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှတာဝန်ရှိသူများ၊  Payplus Co.,Ltd ၊   Technical Consultant များနှင့်  Go-Live အားသတ်မှတ်ထားသည့် ကာလအတွင်း ဆောင်ရွက်နိုင်ရေးနှင့် Code of Conduct နှင့် Policy Guideline များ အမြန်ဆုံးထုတ်ပြန်နိုင်ရေးကို ပြင်ဆင်ဆောင်ရွက်သွားရန် မှာကြားသည်။ 


မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဥက္ကဋ္ဌအနေဖြင့် MyanmarPay (Digital Payment Switch) ၏ Investment Scheme နှင့် ပတ်သက်၍လည်း အောက်တိုဘာ ၁၄ ရက် မွန်းလွဲပိုင်းတွင် ဘဏ်များ၊ မိုဘိုင်းငွေရေးကြေးရေး ဝန်ဆောင်မှုလုပ်ငန်းများ၊ ရောင်းချသူကိုယ်စားငွေကောက်ခံရှင်းလင်းသည့် ဝန်ဆောင်မှုလုပ်ငန်းများ System Operator ဖြစ်သည့် PayPlus Co.,Ltd ၊ Andaman Capital Partners များနှင့်လည်း ဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။ 


သတင်းစဉ်


No comments

Powered by Blogger.