မြန်မာနိုင်ငံအင်ဂျင်နီယာပညာရေးနှစ် (၁၀၀) ပြည့်ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့်"The 5th International Conference on Advanced Information Technologies (ICAIT 2024)"ကျင်းပ



ရန်ကုန်၊ နိုဝင်ဘာ ၇


၂ဝ၂၄ ခုနှစ်၊ နိုဝင်ဘာလတွင်ကျရောက်သော မြန်မာနိုင်ငံအင်ဂျင်နီယာပညာရေး နှစ် (၁၀၀) ပြည့်ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် သတင်းအချက်အလက် နည်းပညာတက္ကသိုလ်မှ ကြီးမှူးကျင်းပသည့် "The 5th International Conference on Advanced Information Technologies (ICAIT 2024)" ဖွင့်ပွဲကို ယနေ့ နံနက်ပိုင်းက ရန်ကုန်မြို့ လှိုင်မြို့နယ်ရှိ MICT Park (Conference Hall)၌ ကျင်းပသည်။ 


အခမ်းအနားသို့ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ အောင်ဇေယျက Online မှတစ်ဆင့် တက်ရောက်၍ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၏ သင်ကြားရေးနှင့် သုတေသနဆောင်ရွက်နေမှုများ၏ အရေးပါသော အခန်းကဏ္ဍများအကြောင်းနှင့် ယနေ့ကျင်းပသော ညီလာခံသည် နည်းပညာအသစ်များ၊ အတွေးအခေါ် အသိပညာများမျှဝေ ဖလှယ်မှုပြုနိုင်သည့် အခွင့်အရေးကောင်းတစ်ခုဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံ အင်ဂျင်နီယာ ပညာရေး နှစ် (၁၀၀) ပြည့်ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် သတင်းအချက်အလက် နည်းပညာတက္ကသိုလ်နှင့် အိန္ဒိယသမ္မတနိုင်ငံ Vellore Institute of Technology (VIT) တို့အကြား နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုးနိုင်မည်ဖြစ်သဖြင့် ဂုဏ်ယူဝမ်းမြောက်မိပါကြောင်း ပြောကြားသည်။ 


ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဦးဌေးအောင်နှင့် သတင်းအချက်အလက် နည်းပညာတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာစောစန္ဒာအေးတို့က ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားကြသည်။


ယနေ့ ကျင်းပသည့် ICAIT 2024 ညီလာခံတွင် မြန်မာနိုင်ငံအင်ဂျင်နီယာပညာရေး နှစ် (၁ဝဝ) ပြည့် အထိမ်းအမှတ်အနေဖြင့် သတင်းအချက်အလက် နည်းပညာတက္ကသိုလ် (UIT) နှင့် အိန္ဒိယသမ္မတနိုင်ငံ၊ Vellore Institute of Technology (VIT) တို့အကြား နားလည်မှု စာချွန်လွှာကို လက်မှတ်ရေးထိုးခဲ့ပြီး အဆိုပါပူးပေါင်းဆောင်ရွက်မှုသည် တက္ကသိုလ်နှစ်ခုကြား ပညာရေးဖလှယ်မှု၊ သုတေသနပူးပေါင်းဆောင်ရွက်မှုနှင့် ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများ ဖလှယ်မှုမြှင့်တင်ရန် ရည်ရွယ်ကြောင်း သိရသည်။ 



"The 5th International Conference on Advanced Information Technologies (ICAIT 2024)"ညီလာခံသို့ ဂျပန်နိုင်ငံနှင့် အိန္ဒိယသမ္မတနိုင်ငံတို့မှ ပါမောက္ခများ၊ မြန်မာနိုင်ငံ ကွန်ပျူတာအသင်းများနှင့် အင်ဂျင်နီယာအသင်းများမှ တာဝန်ရှိသူများ၊ ကွန်ပျူတာ တက္ကသိုလ်များနှင့် နည်းပညာတက္ကသိုလ်များမှ ပါမောက္ခချုပ်များ၊ ဒုတိယပါမောက္ခချူပ်များ၊ သုတေသီများနှင့် စာတမ်းဖတ်ကြားသူများ တက်ရောက်ခဲ့ကြပြီး ညီလာခံဖြစ်မြောက်ရေးအတွက် သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် IT ကုမ္ပဏီများမှ ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။


သတင်းစဉ်


No comments

Powered by Blogger.