မြို့နယ်အချို့တွင် မူးယစ်ဆေးဝါးများ သိမ်းဆည်းရမိ




နေပြည်တော် နိုဝင်ဘာ ၆


မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် နိုဝင်ဘာ ၅ ရက် ညနေ ၅ နာရီခွဲတွင် မြိတ်မြို့နယ်၊ ကလွင်ကျေးရွာအုပ်စု၊ တောရကျောင်းရပ်ရှိ ဇော်မင်းအောင် ၏ နေအိမ်ကို ဝင်ရောက်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၆,၆၀၀၊ အိုက်စ်(မက်သ် အဖက်တမင်း) သုည ဒသမ ၈ ကီလိုကိုလည်းကောင်း၊ ထို့ပြင် ယင်းနေ့ နံနက် ၁၁ နာရီခွဲတွင် ပူးပေါင်းအဖွဲ့သည် ကွန်ဟိန်းမြို့နယ်၊ ဟိုပန်ကျေးရွာအုပ်စု၊ နမ့်မော်ငင်း ကျေးရွာရှိ စိုင်းမောင်(ခ)စိုင်းခတ္တိ ၏ နေအိမ်ကို ဝင်ရောက်ရှာဖွေရာ  စိတ်ကြွရူးသွပ်ဆေးပြား ၄,၇၀၀ ကိုလည်းကောင်း၊ ထို့အတူ ယင်းနေ့ ညနေ ၄ နာရီ ၄၅ မိနစ်တွင် ပူးပေါင်းအဖွဲ့သည် တာချီလိတ်မြို့၊ မကာဟိုခမ်းရပ်ကွက်တွင် အိုက်ပီး မောင်းနှင်လာသည့် ဆိုင်ကယ်ကို စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၆,၀၀၀၊ စိတ်ကြွရူးသွပ်ဆေးပြား အကြေမှုန့် ၂ ဒသမ ၅ ကီလို သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့်စိတ်ကို ပြောင်းလဲစေသောဆေးဝါးများ ဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သတင်းရရှိသည်။


သတင်းစဉ်

No comments

Powered by Blogger.