မြန်မာနိုင်ငံ အဆောက်အဦဆိုင်ရာ စံချိန်စံညွှန်းလမ်း ညွှန်ချက်များ အကောင်အထည်ဖော်ရေး လုပ်ငန်းကော်မတီ အစည်းအဝေး (၃/၂၀၂၄)ကျင်းပ



နေပြည်တော် နိုဝင်ဘာ ၄

 

မြန်မာနိုင်ငံ အဆောက်အအုံဆိုင်ရာ စံချိန်စံညွှန်းလမ်းညွှန်ချက်များ (Myanmar National Building Code - 2024) အကောင်အထည်ဖော်ရေး လုပ်ငန်းကော်မတီ အစည်းအဝေး (၃/၂၀၂၄) ကို ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး လှိုင်မြို့နယ်ရှိ မြန်မာနိုင်ငံအင်ဂျင်နီယာ အသင်းချုပ်ရုံး အစည်းအဝေးခန်း၌ ကျင်းပသည်။

 

အစည်းအဝေးသို့ လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဝင်းဖေ၊ လုပ်ငန်းကော်မတီ ဒုဥက္ကဋ္ဌ မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်းချုပ် ဥက္ကဋ္ဌ ဦးခင်မောင်ဌေး၊ မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းချုပ် MNBC-2024 ဆပ်ကော်မတီ ဥက္ကဋ္ဌ ဦးညွန့်မောင်စန်း၊ အဆောက်အဦဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် အင်ဂျင်နီယာချုပ်များ၊ လုပ်ငန်းကော်မတီအဖွဲ့ဝင်များ တက်ရောက်ကြသည်။

 

ဦးစွာ မြန်မာနိုင်ငံအဆောက်အအုံဆိုင်ရာ စံချိန်စံညွှန်းလမ်းညွှန်ချက်များ အကောင်အထည်ဖော်ရေး လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ ဒုတိယဝန်ကြီးက ဝန်ကြီးဌာနအနေဖြင့် လိုအပ်သည့် Technical Working Group အဖွဲ့ဝင်များ ထပ်မံညှိနှိုင်းဖြည့်ဆည်းပေးခဲ့ပြီး မိုးလေဝသနှင့် ဇလဗေဒဦးစီးဌာနမှ အချက်အလက်များ တောင်းခံပေးခဲ့ရာတွင် ပြန်လည်ပေးပို့လာသည့် မြို့နယ်အလိုက် ပျမ်းမျှနေ့အပူချိန်၊ မိုးရွာသွန်း နေ့ရက်များ၊ မြစ်ရေကြီးမှုအခြေအနေများနှင့် မိုးရေချိန်များကို ဆပ်ကော်မတီ သို့ပေးပို့ခဲ့ပြီးဖြစ်ပါကြောင်း၊ အောက်တိုဘာလကုန် ပြီးစီးမှုနှင့် ပတ်သက်ပြီး ဆောင်ရွက်ထားရှိမှုအခြေအနေများ သိရှိနိုင်ရန်နှင့် MNBC-2024 မူကြမ်း လုပ်ငန်းကော်မတီသို့ တင်ပြနိုင်ရေးအတွက် ပေါင်းစပ်ပေးနိုင်ရန် ယခုအစည်းအဝေး ခေါ်ယူ၍ ဆွေးနွေးရခြင်း ဖြစ်ပါကြောင်း၊ MNBC-2024 စာအုပ်များ အချိန်မီ ထုတ်ဝေနိုင်ရေး ပူးပေါင်းဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း ပြောကြားသည်။

 

ယင်းနောက် လုပ်ငန်းကော်မတီ၏ ဒုတိယဥက္ကဋ္ဌ မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်းချုပ် ဥက္ကဋ္ဌက လုပ်ငန်းလိုအပ်ချက်များကို ဆွေးနွေးပြီး လုပ်ငန်းကော်မတီအတွင်းရေးမှူး ဒေါ်မြမြဝင်းက လုပ်ငန်းကော်မတီ အစည်းအဝေး (၂/၂၀၂၄) ၏ အစည်းအဝေး ဆုံးဖြတ်ချက်များကို ဖတ်ကြားအတည်ပြု ဆွေးနွေးသည်။

 

ထို့နောက် မြန်မာနိုင်ငံအဆောက်အအုံဆိုင်ရာ စံချိန်စံညွှန်းလမ်းညွှန်ချက်များ ရေးဆွဲပြုစုရေး ဆပ်ကော်မတီဥက္ကဋ္ဌနှင့် ဆောက်လုပ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ တက်ရောက်လာသည့် လုပ်ငန်းကော်မတီဝင်များ၊ MNBC-2024 ရေးဆွဲပြုစုရေး နည်းပညာဆိုင်ရာအဖွဲ့ (Technical Working Group) အဖွဲ့ခေါင်းဆောင်များမှ လက်ရှိရေးဆွဲပြုစု ဆောင်ရွက်နေမှုနှင့် MNBC-2024 အချိန်မီ ထွက်ရှိနိုင်ရေးအတွက် ဆွေးနွေးတင်ပြကြရာ ဒုတိယဝန်ကြီးက ဆွေးနွေးတင်ပြချက်များကို ပေါင်းစပ်ညှိနှိုင်း၍ နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်

No comments

Powered by Blogger.