နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်(အောက်မြန်မာပြည်) စာရေးဝန်ထမ်း သင်တန်းအမှတ်စဉ်(၂၁၂) သင်တန်းဖွင့်




ရန်ကုန် နိုဝင်ဘာ ၄


စာရေးဝန်ထမ်းသင်တန်း အမှတ်စဉ် (၂၁၂) သင်တန်းဖွင့်ပွဲ အခမ်းအနားကို နိုင်ငံ့ဝန်ထမ်း တက္ကသိုလ်(အောက်မြန်မာပြည်)၊ ရတနာသိင်္ဃခန်းမ၌ ယနေ့ နံနက် ၈ နာရီတွင်   ကျင်းပရာ ဒုတိယပါမောက္ခချုပ် (စီမံခန့်ခွဲရေး) ဒေါ်မူမူမြင့်က သင်တန်းဖွင့်မိန့်ခွန်း ပြောကြားသည်။


သင်တန်းဖွင့်ပွဲ အခမ်းအနားသို့ ဒုတိယပါမောက္ခချုပ် (သင်ကြားရေး)၊ ဌာနကြီးမှူးများ၊ ပညာဌာနများမှ ပါမောက္ခများ၊ သင်ကြားပို့ချမည့် ဆရာ၊ ဆရာမများနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြသည်။


စာရေးဝန်ထမ်းသင်တန်းအမှတ်စဉ်(၂၁၂)သို့ ဝန်ကြီးဌာနနှင့် အဖွဲ့အစည်းများမှ သင်တန်း သား (၁၂၃)ဦး၊ သင်တန်းသူ (၂၃၅)ဦး၊ စုစုပေါင်း(၃၅၈)ဦးတို့ တက်ရောက်ကြောင်းနှင့် သင်တန်းကာလမှာ အောက်တိုဘာ ၄ ရက်မှ ဇန်နဝါရီ ၁၅ ရက်အထိ တက်ရောက်ရမည်ဖြစ်ကြောင်း သတင်းရရှိသည်။


သတင်းစဉ်

No comments

Powered by Blogger.