တရုတ်နိုင်ငံ၌ (၇) ကြိမ်မြောက် တရုတ်အပြည်ပြည်ဆိုင်ရာ သွင်းကုန်ပြပွဲ ကျင်းပ
ရှန်ဟိုင်း နိုဝင်ဘာ
၆
တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့တွင် (၇)ကြိမ်မြောက် တရုတ်အပြည်ပြည်ဆိုင်ရာ သွင်းကုန်ပြပွဲကို နိုဝင်ဘာ
၅ ရက်မှ စတင်၍ ကျင်းပခဲ့ကြောင်း ယနေ့ ဆင်ဟွာသတင်းအရ
သိရသည်။
နိုဝင်ဘာ ၅ ရက်မှ ၁၀ ရက်အထိ
ကျင်းပသည့် အဆိုပါပြပွဲသို့ တရုတ်ဝန်ကြီးချုပ် လီချန်း တက်ရောက်၍ အမှာစကားပြောကြားသည်။
အဆိုပါပြပွဲတွင် နိုင်ငံနှင့်
ဒေသပေါင်း ၁၂၉ ခုမှ ကုမ္ပဏီပေါင်း ၃၅၀၀ ခန့်
ဝင်ရောက်ပြသကြသည်။
တရုတ်နိုင်ငံသည် နိုင်ငံတကာအခြေအနေများ
မည်ကဲ့သို့ပင် ပြောင်းလဲစေကာမူ ကမ္ဘာ့နိုင်ငံများ အား တံခါးဖွင့်လှစ် ကြိုဆိုလျက်ရှိကြောင်း
(၇)ကြိမ်မြောက် တရုတ်အပြည်ပြည်ဆိုင်ရာ သွင်းကုန်ပြပွဲ
တွင် ဝင်ရောက်ပြသသည့် လုပ်ငန်းရှင်များအား
တွေ့ဆုံပွဲအခမ်းအနားတွင် ဝန်ကြီးချုပ်
လီချန်းက ပြောကြားသည်။
နိုင်ငံတကာမှ လုပ်ငန်းများသည် တရုတ်နိုင်ငံဈေးကွက်အပေါ်တွင် အပြုသဘောဆောင်သည့်
အမြင်ရှိပြီး တရုတ်နိုင်ငံတွင် ၎င်းတို့၏ ရင်းနှီးမြှုပ်နှံမှုများကို
တိုးမြှင့်ဆောင်ရွက်နေကြကြောင်း ဝန်ကြီးချုပ်လီချန်းက ထပ်လောင်းပြောကြားသည်။ လက်ရှိအချိန်တွင်
ကမ္ဘာ့စီးပွားရေး ကျဆင်း လျက်ရှိသော်လည်း တရုတ်နိုင်ငံရှိ
စီးပွားရေးဈေးကွက်များမှာ တည်ငြိမ်ပြီး ဖွံ့ဖြိုးတိုးတက်မှုရှိ
သည်ကို တွေ့မြင်ရကာ ကမ္ဘ တစ်ဝန်းရှိ ကုမ္ပဏီများသည် တရုတ်နိုင်ငံတွင် လုပ်ငန်းဆောင်
ရွက်ရန် ဦးစားပေးရွေးချယ်နေကြသည်ကို တွေ့ရှိရကြောင်း ဝန်ကြီးချုပ် လီချန်းက မှတ်ချက်ပြု ပြောကြားသည်။
တရုတ်နိုင်ငံနှင့် နိုင်ငံတကာမှ လုပ်ငန်းရှင်များ လက်တွဲ၍ ကမ္ဘာလုံးဆိုင်ရာ
စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် အထောက်အကူပြုသွားမည်ဖြစ်ပြီး နည်းပညာနှင့် စက်မှုလုပ်ငန်း မြှင့်တင်မှုများမှတစ်ဆင့်
ကမ္ဘာ့စီးပွားရေးမောင်းနှင်အားကို မြှင့်တင်မည်ဖြစ်ကြောင်း ဝန်ကြီးချုပ် လီချန်းက ပြောကြားသည်။
ကိုးကား - ဆင်ဟွာ
ဘာသာပြန် - စိုးသူရ

No comments