အမေရိကန်သမ္မတ ရွေးကောက်ပွဲတွင် ရီပတ်ဘလစ်ကန်သမ္မတလောင်း ဒေါ်နယ်ထရမ့် အနိုင်ရရှိ
ဝါရှင်တန် နိုဝင်ဘာ ၆
အမေရိကန်သမ္မတရွေးကောက်ပွဲတွင် ရီပတ်ဘလစ်ကန်သမ္မတလောင်း ဒေါ်နယ်ထရမ့်သည် ထောက်ခံမဲ
၅၁ ရာခိုင်နှုန်းရရှိကာ ပြိုင်ဘက် ဒီမိုကရက်တစ်ပါတီသမ္မတလောင်း ကင်မလာဟဲရစ် အား အနိုင်ရရှိပြီး
အမေရိကန်နိုင်ငံ၏ ၄၇ ဦးမြောက် သမ္မတဖြစ်လာကြောင်း သိရသည်။
ထောက်ခံမဲ
၄၇ ရာခိုင်နှုန်းရရှိ
ဒီမိုကရက်တစ်ပါတီသမ္မတလောင်း ကင်မလာဟဲရစ်သည် ထောက်ခံမဲ ၄၇ ရာခိုင်နှုန်းရရှိခဲ့သည်။
ဒေါ်နယ်ထရမ့်သည် နိုဝင်ဘာ ၆ ရက်တွင်
အမေရိကန်ပြည်ထောင်စု ဖလော်ရီဒါပြည်နယ်ရှိ
West Palm Beach ကွန်ဗင်းရှင်းစင်တာ၌ အောင်ပွဲခံမိန့်ခွန်းကို ပြောကြားခဲ့သည်။
အမေရိကန်သမ္မတရွေးကောက်ပွဲတွင် ရွေးကောက်ပွဲ ထောက်ခံမဲပေါင်း ၅၃၈ မဲ၏ ထက်ဝက်ကျော်
ရရှိသော ကိုယ်စားလှယ်လောင်းသည် ရွေးကောက်ပွဲတွင် အနိုင်ရရှိမည်ဖြစ်သည်။
ထရမ့်သည် ထောက်ခံမဲ ၂၇၉ မဲ (၅၁ ရာခိုင်နှုန်း) ရရှိကာ ကင်မလာဟဲရစ်သည် ၂၂၃ မဲ
(၄၇ ရာခိုင်နှုန်း) ရရှိခဲ့ကြောင်း သိရသည်။
၎င်းအား ၄၅ ဦးမြောက် သမ္မတအဖြစ်နှင့် ၄၇ ဦးမြောက် သမ္မတအဖြစ်
ရွေးချယ်ထောက်ခံမဲပေး ခဲ့သည့် အမေရိကန်ပြည်သူများကို ကျေးဇူးတင်ကြောင်း ထရမ့်က
ပြောသည်။ ထို့ပြင် အမေရိကန် နိုင်ငံကို ပြန်လည်ကြီးကျယ်ခမ်းနားစေရန် ပြုလုပ်သွားမည်ဖြစ်ကြောင်း
ထရမ့်က ကတိပြု ပြောကြားသည်။
အိမ်ရာများ ပိုမိုတည်ဆောက်ပေးခြင်း၊ လူဝင်မှုကြီးကြပ်ရေးဥပဒေကို တင်းကျပ်ခြင်း၊
ပြည်သူများ အတွက် အခွန်အခများလျှော့ချကောက်ခံခြင်း၊
ကုန်သွယ်မှုအတွက် အကောက်ခွန်စည်းကြပ်မှုကို
တိုးမြှင့်ခြင်း၊ ပညာရေး၊ လူမှုဖူလုံရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ ဝန်ဆောင်မှုများကို
တိုးမြှင့်ဆောင်ရွက်ခြင်း၊ ရာသီဥတုနှင့်စွမ်းအင်၊
အလုပ်သမားအခွင့်အရေးနှင့် နိုင်ငံတော်လုံခြုံရေး နှင့် ကမ္ဘာ့နိုင်ငံများအကြား အမေရိကန်၏အခန်းကဏ္ဍ ပိုမိုကျယ်ပြန့်တိုးတက်လာစေရေး စသည့် ကိစ္စရပ်များကို
ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထရမ့်က ကတိပြုပြောကြားကြောင်း သိရသည်။
ကိုးကား - အင်န်အိတ်ချ်ကေ
ဘာသာပြန် - အောင်ကျော်ကျော်

No comments