နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦး ဆူးလေဆိပ်ကမ်းတံတားနှင့် ဝါးတန်းဆိပ်ခံတံတားရှိ သိုလှောင်ရုံ များအား ကြည့်ရှုစစ်ဆေး




ရန်ကုန်     နိုဝင်ဘာ       

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦးနှင့်အဖွဲ့သည် ယနေ့ မွန်းလွဲပိုင်းတွင် မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ စီမံခန့်ခွဲလျက်ရှိသည့် ဆူးလေဆိပ်ကမ်းတံတားနှင့် ဝါးတန်းဆိပ်ခံတံတားများသို့ ရောက်ရှိပြီး ကုန်တင်၊ ကုန်ချ လုပ်ငန်းများနှင့် ဆိပ်ကမ်းရှိ သိုလှောင်ရုံများတွင် ကုန်ပစ္စည်းများ သိုလှောင်ထားရှိမှုအခြေအနေများကို လှည့်လည်ကြည့်ရှု စစ်ဆေးသည်။


ရှေးဦးစွာ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦးသည် မြန်မာ့ဆိပ်ကမ်းအာဏာပိုင် ဦးဆောင်ညွှန်ကြားရေးမှူးနှင့် ဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ဆူးလေ ဆိပ်ကမ်းသို့ရောက်ရှိရာ မြန်မာ့ဆိပ်ကမ်းအာဏာပိုင် အင်ဂျင်နီယာချုပ်က သိုလှောင်ရုံများ ပြုပြင်ထိန်းသိမ်း မွမ်းမံခြင်း ဆောင်ရွက်ထားရှိမှုအခြေအနေ နိုင်ငံတော်နှင့်ဌာန  ဝင်ငွေရရှိရေးအတွက် ဆောင်ရွက်ထားရှိမှုနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအမံများကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက ယခုအခါ ပွင့်လင်း ရာသီသို့ ရောက်ရှိပြီဖြစ်၍ မြန်မာ့လယ်ယာထွက်ကုန်ပို့ကုန်များ ရန်ကုန်ဆိပ်ကမ်းမှ တင်ပို့ရာတွင် ဆူးလေ ဆိပ်ကမ်းတံတားကို အဓိကထားသုံးစွဲကြရသည်ဖြစ်၍ ဆူးလေဆိပ်ကမ်းတံတားအနေဖြင့် ဆိပ်ကမ်းဝန်ဆောင်မှု လုပ်ငန်းများ စွမ်းဆောင်ရည်မြင့်မားရေး အလေးထားဆောင်ရွက်ကြရန်၊ ကုန်စည်များတင်ပို့ရာတွင် ဘေးအန္တရာယ်ကင်းရှင်းပြီး လုံခြုံမှုရှိစေရေး အလေးထားဆောင်ရွက်ကြရန်၊ ဆိပ်ကမ်းလုပ်ငန်းသည် နိုင်ငံ့လူမှု စီးပွား စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုအတွက် အဓိကမောင်းနှင် ဝန်ဆောင်မှုပေးသည့်လုပ်ငန်းဖြစ်ရာ ဌာနပိုင်၊ ပုဂ္ဂလိကပိုင် ဆိပ်ခံတံတားများ ကြံ့ခိုင်ကောင်းမွန်နေစေရေးအတွက်လည်း စဉ်ဆက်မပြတ်စစ်ဆေးခြင်း၊ ပြုပြင် ထိန်းသိမ်းခြင်းလုပ်ငန်းများကိုလည်း ဆောင်ရွက်ကြရန်၊ ဆိပ်ကမ်းဧရိယာအတွင်း လုံခြုံရေးနှင့် မီးဘေး လုံခြုံရေး ကိုလည်း အထူးဂရုပြုဆောင်ရွက်ကြရန် လိုအပ်သည်များ မှာကြားဖြည့်ဆည်း ဆောင်ရွက်ပေးသည်။


ဆက်လက်၍ ဆူးလေဆိပ်ကမ်း အမှတ်() () () တွင် ရာဘာ Fender တပ်ဆင်နေမှုများအား စစ်ဆေး ကြည့်ရှုပြီး အရည်အသွေးကောင်းမွန်ရေး၊ လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေး အထူးဂရုပြုဆောင်ရွက်ကြရန်နှင့် နိုင်ငံတကာဆိပ်ကမ်းဖြစ်၍ နိုင်ငံခြားအလံတင် သင်္ဘောများအန္တရာယ်ကင်းရှင်းရေး ဂရုပြုဆောင်ရွက်ရန် မှာကြားသည်။


ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် လမ်းမတော်ဆိပ်ကမ်းဧရိယာသို့ ရောက်ရှိပြီး မြန်မာ့မီးရထား ဝါးတန်းကုန်ရုံရှိ သိုလှောင်ရုံများနှင့် မီးရထားလမ်းအခြေအနေများကို လည်းကောင်း၊ ပြည်တွင်းခရီးစဉ် ရေယာဉ်များ ဆိုက်ကပ်သည့်ဆိပ်ခံဗောတံတားများ၊ ရန်ကုန်မြစ်တစ်ဖက်ကမ်းသို့ သွားလာသည့် သမ္ဗန်ဆိပ် များနှင့် ဆိပ်ကမ်းသိုလှောင်ရုံများသို့လည်းကောင်း၊ လှည့်လည်ကြည့်ရှု စစ်ဆေးပြီး ညနေပိုင်းတွင် ပြန်လည် ထွက်ခွာသွားကြောင်း သတင်းရရှိသည်။

(သတင်းစဉ်)

No comments

Powered by Blogger.