ယူရီးယားမြေဩဇာ ဝယ်ယူဖြန့်ဖြူးရောင်းချရေး ဦးဆောင်ကော်မတီအစည်းအဝေးကျင်းပ




နေပြည်တော် နိုဝင်ဘာ ၄


ယူရီးယားမြေဩဇာဝယ်ယူဖြန့်ဖြူးရောင်းချရေး ဦးဆောင်ကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းက သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပရာ ဦးဆောင်ကော်မတီ ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ ကော်မတီဝင် ဒုတိယဝန်ကြီးများ၊ အမြဲတမ်း အတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ မြန်မာနိုင်ငံ မြေဩဇာ၊ မျိုးစေ့နှင့် စိုက်ပျိုးရေး ဆေးလုပ်ငန်းရှင် များအသင်းနှင့် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ ကိုယ်စားလှယ်များ၊ ဦးဆောင်ကော်မတီ အဖွဲ့ဝင်များနှင့် တာဝန်ရှိသူများ တက်ရောက်သည်။


ဦးစွာ ဦးဆောင်ကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီးက ကုမ္ပဏီများ၏တင်ပြချက်အရ ဓာတ်မြေဩဇာအတွက် လိုင်စင်ရရှိပြီး တန်ချိန် ၈၁၀၅၀၁ဒသမ၂၄ တန် ရှိပြီး မတ်လလက်ကျန်နင့် ဧပြီလမှစ၍ တင်သွင်းပြီး တန်ချိန် စုစုပေါင်း ၇၂၁၅၃၁ဒသမ၄ တန် ရှိပါကြောင်း၊ ဖြန့်ဖြူးရောင်းချပြီးမှုအနေဖြင့် တန်ချိန် ၅၁၂၉၈၃ဒသမ၈၄ တန်ရှိပြီး ဂိုဒေါင် လက်ကျန်အနေဖြင့် တန်ချိန် ၂၀၈၅၄၈ဒသမ၀၉ တန် ရှိကြောင်း၊ ပိုးသတ်ဆေးအတွက် လိုင်စင်ရပြီး တန်ချိန် ၁၂၇၇၂ဒသမ၃၇ တန်ရှိပြီး မတ်လလက်ကျန်နှင့် ဧပြီလမှစ၍ တင်သွင်းပြီးတန်ချိန် စုစုပေါင်း ၁၉၃၀၈ဒသမ၇၆ တန် ရှိပါကြောင်း၊ ဖြန့်ဖြူးရောင်းချပြီးမှုအနေဖြင့် တန်ချိန် ၁၅၉၇၈ဒသမ၁၈ တန်ရှိပြီး ဂိုဒေါင်လက်ကျန် အနေဖြင့်တန်ချိန် ၃၃၃၀ဒသမ၅၈ တန်ရှိပါကြောင်း။


ထုတ်ပြန်ထားသော ရည်ညွှန်းဈေးနှုန်းများမှာ အောက်တိုဘာ ၃၁ ရက်၌ သတ်မှတ်ကာလပြည့်ပြီ ဖြစ်သည့်အတွက် ဈေးနှုန်းထပ်မံသတ်မှတ်ရမည်ဖြစ်ပြီး ယှဉ်ပြိုင်ဈေးနှုန်းစနစ်ဖြင့် ဆောင်ရွက်လျက် ရှိပါကြောင်း၊ ဦးဆောင်ကော်မတီအနေဖြင့် ရည်ညွှန်းဈေး နှုန်းများ ထုတ်ပြန်ရာတွင် သက်ဆိုင်ရာ တိုင်းဒေ သကြီး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်များရှိ အရောင်းဆိုင်များအား ရန်ကုန်အထိုင်ရည်ညွှန်းဈေးနှုန်းကို အခြေခံပြီး ဒေသအလိုက် သယ်ယူ ပို့ဆောင်စရိတ်နှင့် အရောင်းဆိုင်အမြတ် တို့အပေါ် ပိုမိုရောင်းချနေမှုရှိပါက စိစစ်ကြီးကြပ်ဆောင်ရွက် ပေးရန်၊ သတ်မှတ်ရောင်းဈေးနှုန်းများ မှန်/ မမှန်၊ သွင်းအားစုများ သိုလှောင်ပြီး ဈေးကစားခြင်းများ ရှိ/မရှိ တို့ကို ကြီးကြပ်ဆောင်ရွက်ပေးရန် သက်ဆိုင်ရာအစိုးရအဖွဲ့များထံ ထည့်သွင်း ညှိနှိုင်း ပေး လျက်ရှိပါကြောင်း၊ သွင်းအားစုများ အချိန်မီရရှိရေး၊ အရည်အသွေးပြည့်မီရေးနှင့် ဈေးနှုန်းသက် သာစေရေးတို့ အတွက် သက်ဆိုင်ရာအဖွဲ့ဝင်ဌာနများက ပူးပေါင်းကြီးကြပ်ဆောင်ရွက်ပေးကြရန် တိုက်တွန်းမှာကြားသည်။


ယင်းနောက် ဦးဆောင်ကော်မတီအတွင်းရေးမှူး အမြဲတမ်းအတွင်းဝန် ဦးခန့်ဇော်က ယခင် အစည်း အဝေး ဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ထားရှိမှု၊ အောက်တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာ (၃)လအတွက် ကုမ္ပဏီအလိုက်တင်သွင်းမည့် မြေဩဇာနှင့် ပိုးသတ်ဆေးတန်ချိန်များ အတည်ပြု မှတ်တမ်းတင်ပေးရန်နှင့် နိုင်ငံတကာဈေးနှုန်း အခြေအနေများကိုလည်းကောင်း၊ မြန်မာနိုင်ငံ မြေဩဇာ၊ မျိုးစေ့နှင့် စိုက်ပျိုးရေးဆေး လုပ်ငန်း ရှင်များအသင်းမှ ကိုယ်စားလှယ်က မြေဩဇာ ဈေးနှုန်းများနှင့် ဝယ်ယူဖြန့်ဖြူးရောင်းချ အသုံးပြုမှု အခြေအနေများကိုလည်းကောင်း ရှင်းလင်းတင်ပြသည်။


ဆက်လက်၍ ဦးဆောင်ကော်မတီအဖွဲ့ဝင် ဒုတိယဝန်ကြီးများက လိုအပ်သည်များ ဖြည့်စွက် ရှင်းလင်းဆွေးနွေးကြပြီး ကော်မတီအဖွဲ့ဝင် ဦးစီးဌာနများမှ ကိုယ်စားလှယ်များ၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ကိုယ်စားလှယ်နှင့် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ ကိုယ်စားလှယ် တို့က ဝိုင်းဝန်းဆွေးနွေးတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ ဖြည့်စွက်မှာကြားသည်။


ယင်းနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် အဆိုပါရုံး စုပေါင်းအစည်းအဝေးခန်းမ၌ နယ်စပ်ရေးရာဝန်ကြီးဌာနအောက် ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ် (ရန်ကုန်နှင့် စစ်ကိုင်း)သို့ တက်ရောက်အောင်မြင်ပြီး သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာန၌ အကြီးတန်းစာရေးရာထူးအဆင့်ဖြင့် လာရောက်တာဝန်ထမ်းဆောင်ကြမည့် ကျောင်းဆင်း ကျောင်းသား (၄၆) ဦး၊ ကျောင်းသူ (၂၃) ဦး၊ စုစုပေါင်း (၆၉) ဦးနှင့် တွေ့ဆုံခဲ့ကြောင်းသိရသည်။


သတင်းစဉ်

No comments

Powered by Blogger.