နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး (၃၆)နှစ်မြောက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန နှစ်ပတ်လည်နေ့ အထိမ်းအမှတ် အခမ်းအနားတက်ရောက်





နေပြည်တော် နိုဝင်ဘာ ၄


၂၀၂၄ ခုနှစ်၊ နိုဝင်ဘာ ၇ ရက်တွင် ကျရောက်မည့် (၃၆)နှစ်မြောက် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ကောင်စီရုံး ဇမ္ဗူသီရိခန်းမ၌ ကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး ၊ နေပြည်တော် ကောင်စီဝင်များ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန်နှင့် ကော်မတီဝင်များ ၊ ဌာနဆိုင်ရာများ၊ နေပြည်တော် အထွေထွေအုပ်ချုပ် ရေးဦးစီးဌာနမှ အုပ်ချုပ်ရေးမှူးနှင့် အရာထမ်း အမှုထမ်းများ၊ ခရိုင်/မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ အုပ်ချုပ်ရေးမှူးများနှင့် ဝန်ထမ်းများနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ကြသည်။


ဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌက နေပြည်တော်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် တာဝန်ထမ်းဆောင်နေကြသည့် အရာထမ်း၊ အမှုထမ်းများအနေဖြင့် နိုင်ငံတော်နှင့် ပြည်သူများက အားထားရသည့် အုပ်ချုပ်ရေးဌာနကြီးတစ်ခုအဖြစ် အခိုင်အမာ ဆက်လက် ရပ်တည်သွား နိုင်အောင်ကြိုးပမ်း ဆောင်ရွက်သွားကြပါဟု မှာကြားလိုပါကြောင်း၊ နိုင်ငံတော်  က ချမှတ်ထားသည့် အမျိုးသားရေး ရည်မှန်းချက်(၂)ရပ်၊ နိုင်ငံရေးရည်မှန်း ချက်(၂)ရပ်၊ ရှေ့လုပ်ငန်းစဉ်(၅)ရပ်နှင့် ဦးတည်ချက် (၉)ရပ်တို့ကို “မူဝါဒ”အဖြစ်ခံယူပြီး ကျရာအခန်း ကဏ္ဍကနေ အကောင်အထည် ဖော် ဆောင်ရွက်ကြရာ၌ တတ်စွမ်းသမျှ ပူးပေါင်းပါဝင်ဆောင် ရွက်ကြစေလိုကြောင်း၊ နိုင်ငံ့အကျိုးကို အစဉ်သယ်ပိုးနိုင်ပြီး အရည်အသွေးပြည့်ဝသည့် အုပ်ချုပ်ရေး ဝန်ထမ်းကောင်းများဖြစ်အောင်  ကြိုးပမ်းဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။


ထို့နောက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ဖြစ်စဉ်မှတ်တမ်း Video Clip ကို ပြသပြီး နေပြည်တော်ကောင်စီဥက္ကဋ္ဌ က နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အထက် မြန်မာပြည်) အရာထမ်း ငယ်သင်တန်း အမှတ်စဉ်(၁၀၀)တွင် စံပြဆုရရှိခဲ့သည့် ဇေယျာသီရိ မြို့နယ် အထွေထွေအုပ် ချုပ်ရေး ဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ထက်ထက်ဝင့်အောင်နှင့် နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်) အရာထမ်း အခြေခံသင်တန်း အမှတ်စဉ် (၆၆) တွင် စစ်ရေးပြထူးချွန်ဆု ရရှိခဲ့သည့် နေပြည်တော်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်နော်နော်ဟန် တို့ကို ဂုဏ်ပြုဆုချီးမြှင့်ပေးအပ်၍ ဝန်ထမ်းများအား တူညီဝတ်စုံများ ပေးအပ်သည်။


ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဝင်များနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များကို နေပြည်တော်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက အမှတ်တရလက်ဆောင်များ ပေးအပ်ခဲ့ကြကြောင်း သိရသည်။


ထွန်းထွန်းဝင်း(ပြန်/ဆက်)

No comments

Powered by Blogger.