ရာဂီတိုင်ဖွန်းမုန်တိုင်း၏ သက်ရောက်မှုကြောင့် ရေဘေး ဒဏ်ခံစားရသောဒေသများအတွက် ရုရှား-မြန်မာ စီးပွားရေးကောင်စီ (Russian-Myanmar Business Council-RMBC) မှ အမေရိကန်ဒေါ်လာ(၅,၀၀၀)လှူဒါန်း

 



‌နေပြည်တော် နိုဝင်ဘာ ၆

ရာဂီတိုင်ဖွန်းမုန်တိုင်းနှင့်ဆက်စပ်ဖြစ်ပွားသော ရေကြီးရေလျှံမှုများကြောင့်  ရေဘေးဒဏ် ခံစားရသောဒေသများအတွက် ရုရှား-မြန်မာစီးပွားရေးကောင်စီ (Russian-Myanmar Business Council- RMBC) မှ လှူဒါန်းသည့် အမေရိကန်ဒေါ်လာ (၅,၀၀၀) ကို ယနေ့မွန်းလွဲပိုင်းတွင် ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌ ဦးအောင်သော်နှင့် အသင်းဝင်များက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဗဟိုဌာန၌ လာရောက်ပေးအပ်လှူဒါန်းရာ ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာစိုးဝင်းက လက်ခံရယူခဲ့ပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ကာ ကျေးဇူးတင်စကားပြောကြားခဲ့ကြောင်း သိရသည်။


သတင်းစဉ်

No comments

Powered by Blogger.