တရုတ်-မြန်မာ ယဉ်ကျေးမှုဖလှယ်ရေး ရက်သတ္တပတ်လှုပ်ရှားမှု ဖွင့်ပွဲအခမ်းအနားနှင့် (၄)ကြိမ်မြောက် Twin City မီဒီယာဖိုရမ်သို့ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်ကြမည်




နေပြည်တော် နိုဝင်ဘာ ၅

တရုတ်နိုင်ငံ ယူနန်ပြည်နယ် ကူမင်းမြို့တွင် နိုဝင်ဘာ ၁၁ ရက် မှ ၁၅ ရက်အထိ ကျင်းပမည့် တရုတ် - မြန်မာ ယဉ်ကျေးမှု ဖလှယ်ရေး ရက်သတ္တပတ်လှုပ်ရှား မှု ဖွင့်ပွဲအခမ်းအနားနှင့် (၄) ကြိမ် မြောက် Twin City မီဒီယာဖိုရမ်သို့ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း ဦးဆောင်ပြီး ဝန်ကြီးဌာနခြောက်ခုမှ ဝန်ထမ်းများဖြင့်စုဖွဲ့၍ တက်ရောက်ကြမည်ဖြစ်ရာ မြန်မာ ကိုယ်စားလှယ်အဖွဲ့ တွေ့ဆုံပွဲကို ယနေ့နံနက်ပိုင်းက ပြန်ကြားရေးဝန်ကြီးဌာနဝန်ကြီးရုံး စုပေါင်း အစည်းအဝေးခန်းမ၌ ပြုလုပ်သည်။


ဦးစွာ “ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရေးမှသည် ပိုမို တိုးတက်အောင်မြင်မည့် နွေးထွေးသည့် တရုတ် - မြန်မာ ဆက်ဆံ ရေး” Video Clip ကို ပြသသည်။


ယဉ်ကျေးမှုဖလှယ်​ရေး

ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက အမှာစကား ပြောကြားရာတွင် ယခု မိမိဦးစီးပြီး တရုတ်-မြန်မာ ယဉ်ကျေးမှု ဖလှယ်​ရေးအတွက် စုစု​ပေါင်း အင်အား ၄၈ ဦး သွားရောက် ကြမည်ဖြစ်ရာ နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှု ပိုမို ခိုင်မာ​စေ​ရေးအတွက် အ​​ထောက် အကူပြုမည်ဖြစ်၍ ဂုဏ်ယူဖွယ်ရာဖြစ်ပါ​ကြောင်း၊ အဖွဲ့ဝင်များအ​နေဖြင့် ခရီးစဉ်စတင်သည်မှ ပြန်လည်​ရောက်ရှိသည် အထိ မိမိတို့၏ အစဉ်အလာရှိပြီးဖြစ်​သော မြတ်နိုးဖွယ် မြန်မာ့ယဉ်ကျေးမှုကို ပြသမည်၊ နှစ်နိုင်ငံ ချစ်ကြည်​ရေးအတွက် တစ်ဖက်တစ်လမ်းမှပါဝင်​ ဆောင်ရွက်သွားမည်ဆိုသည့်စိတ်ဓာတ်​ မွေးမြူကြ စေလိုပါကြောင်း၊၊


တရုတ် - မြန်မာ နှစ်နိုင်ငံ ပြည်သူများအကြား ရင်းနှီး ချစ်ကြည်မှုနှင့် နားလည်မှုများ မြှင့်တင်နိုင်ရန်၊ ယဉ်ကျေးမှုဖလှယ် နိုင်ရန်၊ ထူးခြားကြွယ်ဝသည့် ခရီးသွားလုပ်ငန်း အရင်းအမြစ်များကို မြှင့်တင် နိုင်ရန် ယခုကဲ့သို့ အခမ်းအနားများကျင်းပ၍ ပူးပေါင်း ဆောင်ရွက်မှုများကို အကောင် အထည်ဖော် ဆောင်ရွက်နေ ခြင်းဖြစ်ပါကြောင်း၊ ယခုကဲ့သို့ ယဉ်ကျေးမှု အပြန်အလှန်ဖလှယ်ရေးများကို မြှင့်တင်ခြင်းအားဖြင့် နှစ်နိုင်ငံ ပြည်သူများအကြားတွင် ကူးလူးဆက်ဆံ ဖလှယ်မှုများ ပိုမိုဖွံ့ဖြိုး တိုးတက် နက်ရှိုင်းမှုများဖြစ်ပေါ်လာမည် ဖြစ်ပါကြောင်း ​ပြောကြားသည်။


ရှင်းလင်းတင်ပြ

ဆက်လက်၍ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားညွှန်ကြားရေးမှူးချုပ် ဦးရဲနိုင်က ခရီးစဉ်နှင့် ပတ်သက်၍ ရှင်းလင်းတင်ပြပြီး တက်ရောက်လာကြသည့် မြန်မာကိုယ်စားလှယ်အဖွဲ့၊ ဝန်ကြီးဌာန ခြောက်ခုမှ ဝန်ထမ်းများက မေးမြန်းခြင်း၊ အကြံပြုဆွေးနွေးခြင်းများ ဆောင်ရွက်ကြသည်။


ထို့နောက် တရုတ် - မြန်မာ ယဉ်ကျေးမှုဖလှယ်ရေး ရက်သတ္တ ပတ် လှုပ်ရှားမှုဖွင့်ပွဲ အခမ်းအနားနှင့် (၄) ကြိမ်မြောက် Twin City မီဒီယာဖိုရမ်၏ ပုဂံနှင့် တွေ့ဆုံခြင်း အခမ်းအနားတို့တွင် ကပြဖျော်ဖြေ တင်ဆက်ကြမည့် မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ ဝန်ထမ်းများက “မှုံရွှေရည် ”ယိမ်းအက၊ “စံတော် ချိန်” တီးလုံးအကနှင့် “မလေး လက်ခတ်သံ” တေးသီချင်း သရုပ် ဖော် အကတို့ဖြင့်လည်းကောင်း၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ အနုပညာရှင်ဝန်ထမ်းများက “ပုဂံ” အက၊ “ရုပ်သေး ကြိုးဆွဲ” ၊ “ကမျိုးစုံစွာ ပတ်မဆစ်တစ်ရာ” ယိမ်းအကနှင့် “လှမ်းခဲ့ပေါ့မန္တလာမြေ” ယိမ်း အကတို့ဖြင့်လည်းကောင်း ဝတ်စုံပြည့်ဖြင့် သရုပ်ပြဖျော်ဖြေ တင်ဆက်ကြသည်။ 


ထို့နောက် ပြည်ထောင်စုဝန်ကြီးက ခရီးစဉ်တွင် ဆွေးနွေးပြောကြားရမည့် အချက်များ၊ ဖျော်ဖြေ တင်ဆက်ရမည့်အချက်များနှင့် ခင်းကျင်းပြသရမည့်အချက်များကို အသေးစိတ်ဆွေးနွေး မှာကြားပြီး လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ်၍ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။


ကြည့်ရှုစစ်ဆေး

ယင်းနောက် (၄) ကြိမ်မြောက် တရုတ် - မြန်မာ Twin City မီဒီယာဖိုရမ်၏ ပုဂံနှင့် တွေ့ဆုံခြင်း အခမ်းအနားတွင် သမဝါယမနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီး ဌာနမှ ခင်းကျင်းပြသမည့် မြန်မာ့ရိုးရာယွန်းထည်များနှင့် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှ ခင်းကျင်းပြသမည့် ခရီးသွားရှုခင်း ဓာတ်ပုံများအား လိုက်လံကြည့်ရှု စစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။


အဆိုပါ တရုတ်နိုင်ငံ ယူနန် ပြည်နယ် ကူမင်းမြို့တွင် နိုဝင်ဘာ ၁၁ ရက်မှ ၁၅ ရက်အထိ စီစဉ် ကျင်းပမည့် ၂၀၂၄ ခုနှစ် တရုတ်- မြန်မာ ယဉ်ကျေးမှုဖလှယ်ရေး ရက်သတ္တပတ်လှုပ်ရှားမှု ဖွင့်ပွဲ အခမ်းအနားနှင့် (၄) ကြိမ်မြောက် Twin City မီဒီယာဖိုရမ်သို့ ပြန်ကြားရေးဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီး ဦးမောင်မောင် အုန်း ဦး​ဆောင်၍ ပြန်ကြားရေး ဝန်ကြီးဌာန၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ စိုက်ပျိုး ရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန၊ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ စွမ်းအင်ဝန်ကြီးဌာနနှင့် ဟိုတယ် နှင့် ခရီးသွားလာရေးဝန်ကြီးဌာန တို့မှ ဝန်ထမ်း ၄၁ ဦးနှင့် ပြင်ပမီဒီယာနှင့် အဖွဲ့အစည်းများမှ ၇ ဦး စုစုပေါင်း ၄၈ ဦးတို့ ပါဝင် တက်ရောက်ကြမည်ဖြစ်သည်။


ပူးပေါင်းဆောင်ရွက်ရေး

ယင်းအစီအစဉ်တွင် ၂၀၂၄ အွန်လိုင်း New Media မွမ်းမံသင်တန်း၊ တရုတ် - မြန်မာ စိုက်ပျိုးရေး အရည်အသွေးသစ် ကုန်ထုတ်စွမ်းအင် တီဗွီအစီအစဉ်အတူတကွ ဖန်တီးရေး၊ မီဒီယာများနှင့် သတင်းကဏ္ဍ ၂၀၂၅ ခုနှစ် ပူးပေါင်းဆောင်ရွက်ရေး၊ တရုတ်- မြန်မာ နိုင်ငံတကာ ပြန်ကြားရေးနှင့် ဘာသာပြန်အလုပ်ရုံ ပထမအသုတ် ဂန္ထဝင်စာပေများ အပြန်အလှန် ဘာသာပြန်ဆို ထုတ်ဝေရေး၊ တရုတ်-မြန်မာခရီးသွား ထွက်ကုန်မိတ်ဆက်ခြင်း၊ ခရီးသွားလုပ်ငန်း ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေး သဘောတူညီချက်များကို လက်မှတ်ရေးထိုး ဆောင်ရွက်ကြမည့်အပြင် နှစ်နိုင်ငံ ယဉ်ကျေးမှုဖလှယ်ရေး အစီအစဉ်အဖြစ် မြန်မာ့ရိုးရာအကအလှနှင့် ရုပ်သေးအကတို့ဖြင့် တင်ဆက် ခြင်းများ ဆောင်ရွက်ကြမည်ဖြစ် ရာ နှစ်နိုင်ငံအစိုးရနှင့် ပြည်သူများအကြား ချစ်ကြည်ရင်းနှီးမှု၊ နားလည်သဘောပေါက်မှုများ ပိုမို တိုးမြင့်စေပြီး နှစ်နိုင်ငံ ချစ်ကြည် ရေးကိုလည်း ပိုမိုတိုးတက်ခိုင်မြဲ စေရန် အကောင်အထည်ဖော်ဆောင်ရွက်ကြမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်

No comments

Powered by Blogger.