အိန္ဒိယနိုင်ငံမှ လွှတ်တင်ခဲ့သည့် ဂြိုဟ်တုများ အာကာသထဲအောင်မြင်စွာရောက်ရှိ
နယူးဒေလီ ဇန်နဝါရီ ၁၆
အိန္ဒိယနိုင်ငံမှ လွှတ်တင်ခဲ့သည့်
ဂြိုဟ်တုနှစ်စင်း သည် အာကာသထဲသို့ ယမန်နေ့တွင်
အောင်မြင်စွာ ရောက်ရှိခဲ့ကြောင်း အိန္ဒိယအာကာသသုတေသန အဖွဲ့က လူမှုမီဒီယာ အိပ်စ်တွင်
ပြောကြားသည်။
အာကာသထဲတွင် ၎င်းဂြိုဟ်တုများ အောင်မြင် စွာရောက်ရှိရေးအတွက် ပြီးခဲ့သည့်သီတင်းပတ် အတွင်း ကြိုးပမ်းခဲ့သော်လည်း
အချည်းနှီးဖြစ်ခဲ့ရပြီး ယခုအကြိမ်တွင် အောင်မြင်ခဲ့ခြင်းဖြစ်သည်။ ၎င်း ဂြိုဟ်တုများ
အာကာသထဲတွင် အောင်မြင်စွာ ရောက်ရှိခဲ့ကြောင်းနှင့် ၎င်းဂြိုဟ်တုများ၏ လုပ်ငန်းများ အောင်မြင်စွာဆောင်ရွက်ရန်အတွက် လာမည့်ရက်များအတွင်း စစ်ဆေးဆောင်ရွက် မည်ဖြစ်ကြောင်း
သိရသည်။
ယခုကဲ့သို့ အာကာသထဲတွင် နိုင်ငံ၏ဂြိုဟ်တုများ
အောင်မြင်စွာရောက်ရှိစေရေး ဆောင်ရွက်ခဲ့ခြင်း
အတွက် သိပ္ပံပညာရှင်များအား ဂုဏ်ပြုကြောင်း ဝန်ကြီးချုပ်မိုဒီက ပြောကြားသည်။
ယခုဆောင်ရွက်ချက်သည် အိန္ဒိယနိုင်ငံ၏ လာမည့်နှစ်များအတွက် ဆောင်ရွက်မည့်
အာကာသ ဆိုင်ရာ မစ်ရှင်များအတွက် ခြေလှမ်းတစ်ရပ်ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။ ရုရှား၊ တရုတ်နှင့် အမေရိကန်နိုင်ငံများ၏ဂြိုဟ်တုများ
အာကာသထဲတွင် ရောက်ရှိခဲ့ပြီးနောက် အိန္ဒိယနိုင်ငံ သည် အာကာသထဲသို့ ဂြိုဟ်တုလွှတ်တင်ခဲ့သည့် လေးခုမြောက်နိုင်ငံဖြစ်သည်။
ကိုးကား - ဆင်ဟွာ
ဘာသာပြန် - စိုးသူရ
No comments