အစ္စရေးနှင့် ဟားမတ်စ်အဖွဲ့အကြား အပစ်အခတ်ရပ်စဲရေးနှင့် ဓားစာခံများပြန်လည်လွှတ်ပေးရေးတို့ အတွက် သဘောတူညီချက်ရရှိခဲ့
ဂျေရုဆလင် ဇန်နဝါရီ
၁၆
အစ္စရေးနှင့် ဟားမတ်စ်အဖွဲ့အကြား
အပစ်အခတ်ရပ်စဲရေးနှင့် ဓားစာခံများပြန်လည်လွှတ်ပေး ရေးတို့အတွက် ယမန်နေ့ညက သဘောတူညီချက်ရရှိခဲ့ကြောင်း
ကာတာနိုင်ငံဝန်ကြီးချုပ် ရှိတ်မိုဟာမက် ဗင်အဗ္ဗဒူယာမန်က ပြောကြားသည်။
အပစ်အခတ်ရပ်စဲရေး ပဏာမအဆင့်သည် ၄၂ ရက်ကြာမည်ဖြစ်ပြီး ၎င်းကာလတွင်
ဂါဇာဒေသ မှ အစ္စရေးတပ်ဖွဲ့များဆုတ်ခွာမည်ဖြစ်ကာ
ဂါဇာ ဒေသသို့ ဒေသခံများပြန်လည်အခြေချခွင့်ရရှိမည်
ဖြစ်သည်။ လက်ရှိအချိန်တွင် လူသားချင်းစာနာ
ထောက်ထားမှုဆိုင်ရာ အကူအညီပေးရေးပစ္စည်း များ တင်ဆောင်ထားသည့် ထရပ်ကားများ ဂါဇာဒေသသို့
နေ့စဉ်ဝင်ရောက်နေပြီး ၎င်းကားများတွင် လောင်စာဆီများတင်ဆောင်လာသည်ကို
တွေ့ရှိရသည်။ လက်ရှိ ဆောင်ရွက်မည့် အပစ်အခတ် ရပ်စဲရေးကို ဇန်နဝါရီ ၁၉ ရက်တွင် စတင်ဆောင်ရွက်မည်ဖြစ်ပြီး
ပထမအဆင့်အနေဖြင့် ဟားမတ်စ် အဖွဲ့က ဓားစာခံ ၃၃ ဦးကို လွှတ်ပေးမည်ဖြစ်ကာ အစ္စရေးကလည်း ပါလက်စတိုင်း အကျဉ်းသား များကို လွှတ်ပေးရမည်ဖြစ်သည်။ ၎င်းအပစ်အခတ်ရပ်စဲရေးကို
အပိုင်းလိုက် အောင်မြင်စွာ ဆောင်ရွက်ခြင်းရှိ၊ မရှိ စောင့်ကြည့်မည်ဟု ညှိနှိုင်းဆောင်ရွက်သည့်နိုင်ငံများဖြစ်သည့် ကာတာ၊ အီဂျစ် နှင့်အမေရိကန်နိုင်ငံများကပြောကြားသည်။
ယခုကဲ့သို့ အပစ်အခတ်ရပ်စဲရေးဆောင်ရွက်ခဲ့ခြင်းအပေါ်
ကြိုဆိုကြောင်း ကုလသမဂ္ဂအတွင်းရေး မှူးချုပ် ဂူတာရပ်စ်နှင့် ကမ္ဘာ့နိုင်ငံခေါင်းဆောင်များက
ပြောကြားသည်။ ရာဖာနယ်စပ်ဖြတ်ကျော် စခန်းကို
လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများပေးအပ်ရေးအတွက် ပြန်လည် ဖွင့်လှစ်မည်ဟု
သိရသည်။
ကိုးကား - ဆင်ဟွာ
ဘာသာပြန် - စိုးသူရ
No comments