တက္ကသိုလ်၊ ကောလိပ် ဆရာ၊ ဆရာမများ အထူးမွမ်းမံသင်တန်း အမှတ်စဉ်(၂၇)သင်တန်းဆင်း


ရန်ကုန်  ဇန်နဝါရီ  ၃၁


တက္ကသိုလ်၊ ကောလိပ်ဆရာ၊ ဆရာမများ အထူးမွမ်းမံသင်တန်း၊ အမှတ်စဉ်(၂၇) သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့ နံနက် ၈ နာရီတွင် ရတနာသိင်္ဃခန်းမ၌ ကျင်းပရာ ပြည်ထောင်စုရာထူးဝန်အဖွဲ့ အဖွဲ့ဝင် ဦးစိုးတင့်၊ နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်(အောက်မြန်မာပြည်)မှ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ် များနှင့် တာဝန်ရှိသူများ၊ အဆင့်မြင့်ပညာဦးစီးဌာန၊ ရန်ကုန်တက္ကသိုလ်မှ ပါမောက္ခချုပ်နှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြသည်။


ဦးစွာ ပြည်ထောင်စုရာထူးဝန်အဖွဲ့ အဖွဲ့ဝင် ဦးစိုးတင့်က သင်တန်းဆင်း အမှာစကားပြောကြားရာတွင် အသိဉာဏ်ပညာပြည့်စုံပြီး နိုင်ငံအကျိုးသယ်ပိုးထမ်းရွက်နိုင်မည့် စွမ်းအားထက်မြက်သော အင်အားစုကြီးကို ထူ‌ထောင်ရာတွင် တက္ကသိုလ်ဆရာ၊ ဆရာမများအနေဖြင့် ဝိုင်းဝန်းပါဝင် ဆောင်ရွက်ကြရန်လိုကြောင်း၊ ပါတီ နိုင်ငံရေးကင်းရှင်းပြီး နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပေးအပ်သောတာဝန်များကို စေတနာထား၍ ထမ်းဆောင်ကြရန် တိုက်တွန်းမှာကြားပြီး သင်တန်းတွင် ထူးချွန်ဆုရရှိသူများအား ဆုများချီးမြှင့်၍ သင်တန်းဆင်း အောင်လက်မှတ်များ ပေးအပ်သည်။


တက္ကသိုလ်၊ကောလိပ် ဆရာ၊ ဆရာမများ အထူးမွမ်းမံသင်တန်း၊ အမှတ်စဉ်(၂၇)သို့ သင်တန်းသား (၅၈)ဦး၊ သင်တန်းသူ (၂၉၂)ဦး၊ စုစုပေါင်း (၃၅၀) တက်ရောက်ကြပြီး သင်တန်းကာလမှာ ဇန်နဝါရီ ၂ ရက်မှ  ၃၁ ရက်အထိ ရက်သတ္တ()ပတ်ကြာ ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)

No comments

Powered by Blogger.