ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၂၀၂၄ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ချီးမြှင့်ပွဲ အခမ်းအနား ခမ်းနားထည်ဝါစွာ ကျင်းပနိုင်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်နေမှု ကြည့်ရှုစစ်ဆေး
နေပြည်တော် ဇန်နဝါရီ ၃၁
မြန်မာ့ရုပ်ရှင် ထူးချွန်ဆုချီးမြှင့်ပွဲအခမ်းအနား ကျင်းပရေးဦးစီးကော်မတီဥက္ကဋ္ဌ ပြန်ကြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းသည် ဒုတိယဝန်ကြီး ဦးရဲတင့်နှင့် တာဝန်ရှိသူ များနှင့်အတူ ယနေ့ညနေပိုင်း တွင် ၂၀၂၄ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲ အခမ်း အနား ခမ်းနားထည်ဝါစွာ ကျင်းပနိုင်ရေး နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း ဗဟိုဌာန-၁ ၌ ကြိုတင်ပြင်ဆင် ဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် အဝင်မုခ်ဦး ၊ Photo Booth ၊ Interview Booth ၊ ဂုဏ်ပြုခံ လျှောက်လမ်း (Red Carpet) နေရာများ၊ အခမ်းအနားကျင်းပမည့် ကျောက်စိမ်းခန်းမ၌ အကယ်ဒမီ ဆုပေးပွဲစင်မြင့် တည်ဆောက်နေမှု၊ အသံစနစ်နှင့် မီးစနစ်များ တပ်ဆင်ပြီးစီးမှု ၊ Stage LED Screen နှင့် LED ဘုတ်များ တပ်ဆင်မည့်နေရာများ၊ နေရာထိုင်ခင်းများနှင့် မီဒီယာဇုန် သတ်မှတ်ထားသည့် နေရာများ ပြင်ဆင်ဆောင်ရွက်နေမှုတို့အား လိုက်လံကြည့်ရှုစစ်ဆေးပြီး သတ်မှတ်ရက်အတွင်း ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို အချိန်မီပြီးစီးအောင် ဆောင်ရွက်ရန်၊ အသံပိုင်းနှင့် မီးပိုင်း ဆိုင်ရာကိစ္စရပ်များ လစ်ဟာမှုမရှိအောင် ကြိုတင်ပြင်ဆင်ထားရှိရန်နှင့် အခမ်းအနား အစီအစဉ်များအလိုက် စနစ်တကျဖြစ်စေရေး ကြိုတင်လေ့ကျင့်မှုများ ဆောင်ရွက်ရန် မှာကြားသည်။
၂၀၂၄ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲ အခမ်းအနားကို ဖေဖော်ဝါရီ ၉ ရက်တွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန-၁ ၌ ခမ်းနားထည်ဝါစွာ ကျင်းပ သွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်

No comments