ပြည်ထောင်စုဝန်ကြီး ဒေါက်တာ စိုးဝင်း ရုရှားဖက်ဒရေးရှင်းနိုင်ငံ အာရခန်ဂလစ်မြို့၌ ဆောင်ရွက် သည့် လုံခြုံစိတ်ချရသော အာတိတ်ဒေသလေ့ကျင့်ခန်းအစီအစဉ် ၂၀၂၅ နှင့် ဆက်စပ်အလုပ်ရုံ ဆွေးနွေးပွဲနှင့် ညီလာခံများသို့ တက်ရောက်
နေပြည်တော် ဇန်နဝါရီ ၃၁
ရုရှားဖက်ဒရေးရှင်းနိုင်ငံ အာရခန်ဂလစ်မြို့၌ ရောက်ရှိနေသော လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းသည် ဇန်နဝါရီ ၃၀ ရက် နံနက်ပိုင်းက မြောက်ပိုင်းအာတိတ်ဒေသ ဖက်ဒရယ်တက္ကသိုလ်၌ ကျင်းပသည့် အာတိတ် ရေခဲပြင်တွင် ဖြစ်ပေါ်တတ်သော ဘေးအန္တရာယ်များ ကြိုတင်သတိပေးခြင်း၊ တုံ့ပြန်ခြင်းတို့တွင် အသုံးပြုသည့် အဆင့်မြင့်နည်းပညာသုံး စက်ကိရိယာများ ပြပွဲဖွင့်ပွဲအခမ်းအနားသို့ တက်ရောက် သည်။
ပြည်ထောင်စုဝန်ကြီးသည် ပြပွဲအတွင်းပြသထားသည့် ဘေးအန္တရာယ်ကျရောက်မှုများအား ထောက်လှမ်းရှာဖွေခြင်း၊ အလိုအလျောက်မီးငြိမ်းသတ်ခြင်းများတွင် အသုံးပြုသည့် မောင်းသူမဲ့ လေယာဉ်ငယ်၊ ရဟတ်ယာဉ်ငယ်နှင့် မော်တော်ယာဉ်ငယ်များ၊ အအေးပိုင်းဒေသများတွင် ဘေးသင့်သူများအား အသက်ကယ်တင်နိုင်ရေး အထူးတီထွင်ထားသည့်ဝတ်စုံများ၊ ရှာဖွေ ကယ်ဆယ်ရေးနှင့် အရေးပေါ်ဆေးကုသမှုများတွင် အသုံးပြုသည့်အဆင့်မြင့် နည်းပညာသုံးပစ္စည်း များကို လေ့လာကြည့်ရှုပြီး သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့သည်။
ထို့နောက် အဆိုပါတက္ကသိုလ်၌ ရုရှားဖက်ဒရေးရှင်းနိုင်ငံ ပြည်သူ့ကာကွယ်ရေး၊ အရေးပေါ် အခြေအနေနှင့် သဘာဝဘေးစီမံခန့်ခွဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ အာရခန်ဂ လစ်မြို့ မြို့တော်ဝန်၊ ဖက်ဒရယ်တက္ကသိုလ် ပါမောက္ခချုပ်နှင့် ဝန်ကြီးဌာန၏ အကြံပေးပုဂ္ဂိုလ်တို့က ဦးဆောင်ကျင်းပသည့် အာတိတ်ဒေသဘေးကင်းလုံခြုံမှု အတွက်ကြုံတွေ့ရသည့် အဓိကစိန်ခေါ်မှု များနှင့် ခြိမ်းခြောက်မှုများ ဆိုင်ရာ စားပွဲဝိုင်းဆွေးနွေးပွဲသို့ လေ့လာသူအဖြစ် တက်ရောက်ခဲ့သည်။
ဆွေးနွေးပွဲတွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံအနေဖြင့် ကမ္ဘာတွင် အထူးစိတ်ဝင်စားမှုမြင့်မားနေသည့် အာတိတ်ဒေသတွင် ကြုံတွေ့နေရသည့် ဘေးအန္တရာယ်အလိုက် ကြိုတင်အသိပေးချက် ထုတ်ပြန် နိုင်ရေး၊ ထိရောက်လျင်မြန်စွာ တုံ့ပြန်ရင်ဆိုင်နိုင်ရေး ဆောင်ရွက်နေမှုဆိုင်ရာ အတွေ့အကြုံနှင့် အခက်အခဲများကို ဆွေးနွေးခဲ့ကြသည်။
မွန်းလွဲပိုင်းတွင် အာတိတ်ဒေသ ဘေးကင်းလုံခြုံရေးကဏ္ဍအသီးသီးက ကြိုးစားဆောင်ရွက်နေမှုနှင့် တက်ရောက်လာသည့် နိုင်ငံအလိုက် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာ အတွေ့အကြုံ ဖလှယ်ခြင်းညီလာခံသို့ ဆက်လက်တက်ရောက်ခဲ့သည်။
ညီလာခံတွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ပြည်သူ့ကာကွယ်ရေး၊ အရေးပေါ်အခြေအနေနှင့် သဘာဝ ဘေးစီမံခန့်ခွဲရေးဝန်ကြီးဌာန၊ တက္ကသိုလ်များနှင့် လူမှုအဖွဲ့အစည်းများက အာတိတ်ဒေသရှိ လူပုဂ္ဂိုလ်များ ပြင်းထန်သော ရာသီဥတုအခြေအနေအောက်တွင် ဘေးကင်းလုံခြုံရေး စုစည်း ဆောင်ရွက်မှုဆိုင်ရာ သုတေသနနှင့် အတွေ့အကြုံတွေ့ရှိချက်များကို တင်ပြဆွေးနွေးကြပြီး မြန်မာနိုင်ငံအနေဖြင့်လည်း သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုအတွက် ဆောင်ရွက်နေမှုအခြေအနေ၊ မိတ်ဆွေနိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်မည့် အခြေအနေများကို တင်ပြဆွေးနွေးခဲ့သည်။
ညပိုင်းတွင် အာရခန်ဂလစ်မြို့ မြို့တော်ဝန်က မြို့တော်ခန်းမ၌ တည့်ခင်းဧည့်ခံသည့် ဘေးကင်း လုံခြုံသော အာတိတ်ဒေသအစီအစဉ် အမှတ်တရညစာစားပွဲသို့ တက်ရောက်ပြီး နှုတ်ခွန်ဆက်စကား ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)
.jpg)
No comments