ဒုတိယဝန်ကြီး ဦးလွင်ဦး ခေါင်းဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ မြန်မာ-ဘရာဇီးလ် နှစ်နိုင်ငံအကြား စတုတ္ထအကြိမ် နိုင်ငံရေးရာဆွေးနွေးပွဲတက်ရောက်

 


ဘရာဇီးလျား ဇန်နဝါရီ ၃၁

 

နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလွင်ဦး ခေါင်းဆောင်သည့် မြန်မာကိုယ်စား လှယ်အဖွဲ့သည် ဇန်နဝါရီ ၂၈ ရက်က ဘရာဇီးလ်နိုင်ငံ ဘရာဇီးလျားမြို့ ဘရာဇီးလ်နိုင်ငံခြားရေး ဝန်ကြီးဌာန Ruy Barbosa Room Palacio Itamaraty ၌ ကျင်းပပြုလုပ်သည့် ဒုတိယ ဝန်ကြီး အဆင့် မြန်မာ-ဘရာဇီးလ် နှစ်နိုင်ငံအကြား စတုတ္ထအကြိမ် နိုင်ငံရေးရာဆွေးနွေးပွဲသို့ တက် ရောက်ခဲ့သည်။

 

ဆွေးနွေးပွဲတွင် မြန်မာနိုင်ငံမှ အထွေထွေရွေးကောက်ပွဲကျင်းပရန် ပြင်ဆင်နေမှု၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်နှင့် နေရပ်စွန့်ခွာသူများအတွက် နေရပ်ပြန်လည်ပို့ဆောင်ရေးကိစ္စရပ် များ၊ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုကဏ္ဍ၊ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ နိုင်ငံတကာပူးပေါင်း ဆောင်ရွက်မှုကဏ္ဍ၊ နယ်စပ် ဖြတ်ကျော်မှုခင်းများ တိုက်ဖျက်ရေးကဏ္ဍနှင့် ကောင်စစ်ရေးရာကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။

 

ထို့ပြင် ဒေသတွင်းနှင့် နိုင်ငံတကာရေးရာကိစ္စရပ်များနှင့်ပတ်သက်၍ မြန်မာနိုင်ငံမှ အာဆီယံတူညီဆန္ဒ (၅)ချက် အကောင်အထည်ဖော်ဆောင်ရွက်နေမှု၊ ဘရာဇီးလ်နိုင်ငံမှ ၂၀၂၅ ခုနှစ်၊ ဘဲယ်လမ်မြို့၌ ကုလသမဂ္ဂ ရာသီဥတုဆိုင်ရာညီလာခံ (COP30)ကျင်းပရန် ပြင်ဆင်နေမှုနှင့် BRICS အဖွဲ့နှင့် သက်ဆိုင်သည့် ဖြစ်ပေါ်တိုး တက်မှုများ၊ အလားအလာ များနှင့်စပ်လျဉ်းသည့် ကိစ္စရပ်များနှင့် အခြားသော နှစ်နိုင်ငံဘုံ အကျိုးစီးပွား ဆိုင်ရာကိစ္စရပ်များကို အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြသည်။

 

ဆွေးနွေးပွဲအပြီးတွင် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ဘရာဇီးလ်ကိုယ်စားလှယ်များနှင့် စုပေါင်း မှတ်တမ်းတင် ဓာတ်ပုံရိုက်ပြီး အမှတ်တရလက်ဆောင်ပစ္စည်းများ အပြန်အလှန် လဲလှယ်ခဲ့ကြသည်။

 

ထို့နောက် ဒုတိယဝန်ကြီးဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ဘရာဇီးလ်နိုင်ငံခြားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး မစ္စ မာရီယာ လော်ရာဒါရော်ချာက တည်ခင်းဧည့်ခံသည့် နေ့လယ်စာစားပွဲသို့ တက်ရောက်ခဲ့ကြသည်။

 

မွန်းလွဲပိုင်းတွင် ဒုတိယဝန်ကြီးသည် ဘရာဇီးလျားမြို့ရှိ မြန်မာသံရုံး၌ သံရုံးဝန်ထမ်းများနှင့် တွေ့ဆုံကာ လိုအပ်သည်များကို မှာကြားခဲ့သည်။

 

ဇန်နဝါရီ ၃၀ တွင် ဒုတိယဝန်ကြီးသည် ဘရာဇီးလျားမြို့ အစိုးရ၏ နိုင်ငံတကာ ဆက်ဆံရေးဌာန အကြီးအကဲ မစ္စတာပါကို ဘရစ်တိုနှင့်လည်းကောင်း၊  ဘရာဇီးလ်နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ ဒုတိယညွှန်ကြားရေးမှူး မစ္စ မာရီယာ လွီဇာ ဟီဘေးရိုး လိုးပက်စ် ဒါ ဆီ(လ်)ဗာ နှင့် လည်းကောင်း သီးခြားစီတွေ့ဆုံခဲ့ပြီး မြန်မာနိုင်ငံနှင့် ဘရာဇီးလ်နိုင်ငံတို့အကြား နှစ်နိုင်ငံ ဆောင်ရွက် လျက်ရှိသည့် နှစ်နိုင်ငံသံတမန်မြေ အပြန်အလှန်လဲလှယ်ရေး၊ မြန်မာအစိုးရနှင့် ဘရာဇီးလ်ဖယ်ဒရယ် အစိုးရအကြား ပိုမိုပူးပေါင်းဆောင်ရွက်နိုင်မည့် အလားအလာများနှင့် မြန်မာနိုင်ငံနှင့် ဘရာဇီးလ် နိုင်ငံတို့အကြား ဖွံ့ဖြိုးဆဲနိုင်ငံများပူးပေါင်းဆောင်ရွက်မှု (South -South Cooperation) အောက်တွင် နည်းပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက်အရ မြန်မာနိုင်ငံ၌ မြွေဆိပ်ဖြေဆေး အရည်အသွေးပိုင်းဆိုင်ရာ ကိစ္စရပ်များ တိုးမြှင့်နိုင်ရေးနှင့် အခြားပူးပေါင်းဆောင်ရွက်နိုင်မည့်ကဏ္ဍများကို ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။

(သတင်းစဉ်)

No comments

Powered by Blogger.