လူငယ်ရေးရာအသိပညာပေးဟောပြောပွဲအခမ်းအနားကျင်းပ
နေပြည်တော် ဇန်နဝါရီ ၃၁
မြန်မာနိုင်ငံ
လူငယ်ရေးရာဗဟိုကော်မတီနှင့် နေပြည်တော်ကောင်စီ လူငယ်ရေးရာကော်မတီတို့ ပူးပေါင်း ကျင်းပသည့်
လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲအခမ်းအနားကို ယနေ့ မွန်းလွဲပိုင်းတွင် နေပြည်တော် ဇမ္ဗူသီရိမြို့နယ် NayPyiTaw State
Academy ၌ ကျင်းပရာ ဒုတိယဝန်ကြီးများ၊ နေပြည်တော်ကောင်စီဝင်များ၊ ညွှန်ကြားရေးမှူးချုပ်များနှင့်
တာဝန်ရှိသူများ၊ NayPyiTaw State Academy ဒုတိယပါမောက္ခချုပ်များနှင့်
တာဝန်ရှိသူများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက် ကြသည်။
ဦးစွာ
မြန်မာနိုင်ငံ လူငယ်ရေးရာဗဟိုကော်မတီအတွင်းရေးမှူး အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး
ဦးဇင်မင်းထက်က ယနေ့အခမ်းအနားတွင် လက်တွေ့နယ်ပယ်၌ အောင်မြင်မှုရရှိနေသည့် လူငယ်လုပ်ငန်းရှင်များက
လူငယ်များကို စွန့်ဦးတီထွင်မှု၊ ၎င်းတို့၏ အတွေ့အကြုံများနှင့် ရင်ဆိုင် ဖြတ်ကျော်ခဲ့မှုများနှင့်ပတ်သက်ပြီး
ဆွေးနွေးဟောပြောပေးသွားမည်ဖြစ်ကြောင်း၊ စွန့်ဦးတီထွင်မှုသည် လုပ်ငန်းတစ်ခုစတင်ရုံမျှသာမက လူငယ်တစ်ဦးချင်းစီ၏ ခေါင်းဆောင်မှုနှင့်အတူ
အနာဂတ်တွင် ဆန်းသစ် တီထွင်သူများအဖြစ် ပုံဖော်ပေးမည့် ခရီးတစ်ခုဖြစ်ကြောင်း၊
လူငယ်များ ဆန်းသစ်သည့် အတွေးအခေါ် များနှင့် အမြင်များမှတစ်ဆင့် အောင်မြင်တိုးတက်မှုများကို
ဖြစ်ပေါ်စေနိုင်ကြောင်း၊ စွန့်ဦးတီထွင်သူ ဆိုသည်မှာ အရင်းအနှီးရှိမှ၊ ချမ်းသာမှ လုပ်ငန်းလုပ်လို့ရသည်မဟုတ်ကြောင်း၊
လူငယ်များအနေဖြင့် မိမိတို့၏ စိတ်ကူးအိပ်မက်များကို
လက်တွေ့အမှန်တကယ် အကောင်အထည်ဖော်နိုင်ပြီး နိုင်ငံ့အကျိုး၊ အများပြည်သူအကျိုးကို
တတ်စွမ်းသမျှ သယ်ပိုးဆောင်ရွက်ရင်း ဗလငါးတန်ပညာ့မာန်ဖြင့် အနာဂတ် ပဲ့ကိုင်ရှင်များ၊
ဖွံ့ဖြိုးတိုးတက်သည့် လူ့အဖွဲ့အစည်းကို ဖန်တီးပုံဖော်ရာတွင် ကျရာအခန်းကဏ္ဍမှ ပါဝင်နိုင်သူများဖြစ်အောင်
ကြိုးစားဆောင်ရွက်သွားကြရန် တိုက်တွန်းပြောကြားသည်။
ဆက်လက်၍ ပညာရေးဝန်ကြီးဌာန
ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်နှင့် နေပြည်တော်ကောင်စီဝင်
ဗိုလ်မှူးကြီးရဲမိုးတို့က အမှာစကားပြောကြား၍ ဒုတိယဝန်ကြီး ဦးဇင်မင်းထက်က NayPyiTaw State
Academy သို့ စာအုပ်များနှင့် အားကစားပစ္စည်းများ
ပေးအပ်လှူဒါန်းရာ ဒုတိယပါမောက္ခချုပ်(စီမံ) ဒေါက်တာနုနုလွင်က လက်ခံရယူပြီး ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်နှင့် နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးရဲမိုးတို့က
အသိပညာပေးဟောပြောမည့် ဒေါ်ဟေမာစံနှင့် ဒေါ်နန်းခင်အုန်းတို့အား အမှတ်တရ ဂုဏ်ပြုလက်ဆောင်များ
ပေးအပ်သည်။
ထို့နောက် ဒေါ်ဟေမာစံနှင့်
ဒေါ်နန်းခင်အုန်းတို့က "စွန့်ဦးတီထွင်လုပ်ငန်းရှင်" ခေါင်းစဉ်ဖြင့် အသိပညာ ပေးဟောပြောခဲ့ကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)
No comments