ဝါရှင်တန်ဒီစီ၌ ခရီးသည်တင်လေယာဉ်နှင့် တပ်မတော်ရဟတ်ယာဉ်တို့ တိုက်မိပြီး ပျက်ကျ၊ သေဆုံးသူ ၁၈ ဦးကို ပြန်လည်တွေ့ရှိ
ဝါရှင်တန် ဇန်နဝါရီ ၃၀
အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီရှိ
ရေဂင် အမျိုးသားလေဆိပ်အနီး၌ ခရီးသည်တင်လေယာဉ် တစ်စင်းနှင့် တပ်မတော် ဘလက်ဟော့ခ်ရဟတ်ယာဉ်
တစ်စင်းတို့ ဇန်နဝါရီ ၂၉ ရက်က တိုက်မိမှုဖြစ်ပွားပြီးနောက် ပိုတိုမက်မြစ်မှ သေဆုံးသူ ၁၈ ဦးကို
ပြန်လည်တွေ့ရှိခဲ့ကြောင်း ဒေသဆိုင်ရာမီဒီယာက
ထုတ်ပြန်ထားသည်။
တိုက်မိပြီး လေယာဉ်ပျက်ကျမှုဖြစ်ပွားခဲ့သည့်
မြစ်အတွင်းကယ်ဆယ်ရေးဆောင်ရွက်ရာတွင် အသက်ရှင်ကျန်သူများကို မတွေ့ရှိသေးကြောင်း စီအင်န်အင်န်က ပြောကြားသည်။
အဆိုပါလေယာဉ်ပေါ်တွင် ခရီးသည်
၆၀ နှင့် လေယာဉ်အမှုထမ်း လေးဦး လိုက်ပါကြောင်း အမေရိကန်လေကြောင်းလိုင်း၏ ထုတ်ပြန်ချက်အရ
သိရသည်။ တပ်တော် ဘလက်ဟော့ခ် ရဟတ် ယာဉ်ပေါ်တွင်လည်း တပ်ဖွဲ့ဝင်သုံးဦး
လိုက်ပါကြောင်း အမေရိကန်ကာကွယ်ရေးအရာရှိ တစ်ဦး၏ ပြောကြားချက်ကို ကိုးကားပြီး စီအင်န်အင်န်က
ထုတ်ပြန်ထားသည်။
ပင်တဂွန်ကအကူအညီပေးရန်အသင့်ရှိ
အမေရိကန်ကာကွယ်ရေးဝန်ကြီး
Pete Hegseth က ပင်တဂွန်အနေဖြင့် အခြေအနေကို စောင့်ကြည့် ကွပ်ကဲပြီး လိုအပ်ပါက
အကူအညီပေးရန်အသင့်ရှိကြောင်း လူမှုကွန်ရက်မီဒီယာပလက်
ဖောင်း X တွင် ပြောကြားသည်။
ကန်းဆက်စ်ပြည်နယ် ဝီချီတာမြို့မှ
ထွက်ခွာလာသည့် ဒေသဆိုင်ရာဂျက်လေယာဉ်နှင့် တပ်မတော် ဘလက်ဟော့ခ်ရဟတ်ယာဉ်တစ်စင်းတို့ ည ၉ နာရီခန့်က ဝေဟင်၌
တိုက်မိမှုဖြစ်ပွားခဲ့ကြောင်း၊ ယင်းနောက် လေဆိပ်မှ ပျံသန်းမှုနှင့် ဆင်းသက်မှုအားလုံးကို ရပ်တန့်ထားကြောင်း အမေရိကန် ပြည်ထောင်စု လေကြောင်းစီမံခန့်ခွဲရေးက
ပြောကြားသည်။ ဆင်ဟွာ
No comments