ဩစတြေးလျနိုင်ငံအရှေ့တောင်ပိုင်း၌ တောမီးလောင်မှုကြောင့် ဒေသခံများကို ဘေးလွတ်ရာသို့ ပြောင်းရွှေ့ရန် အမိန့်ပေး
ဆစ်ဒနီ ဇန်နဝါရီ ၃၀
ဗစ်တိုးရီးယားပြည်နယ်၏ မြို့တော်
မဲဘုန်းလ်အနောက်ပိုင်း၌ တောမီးလောင်မှု ဆက်လက်ပျံ့နှံ့
နေသောကြောင့် ဒေသခံများကို ဘေးလွတ်ရာသို့ ပြောင်းရွှေ့ရန် ဩစတြေးလျ
အရှေ့တောင်ပိုင်းရှိ အာဏာပိုင်များက အမိန့်ပေးခဲ့ကြောင်း သိရသည်။
ဗစ်တိုးရီးယား အရေးပေါ်အေဂျင်စီက မဲဘုန်းလ်အနောက်ဘက် ကီလိုမီတာ ၂၅၀ ခန့်အကွာရှိ ဂရန်ပီရန်စ် အမျိုးသားဥယျာဉ်၏ အနောက်တောင်ဘက်အစပ်အနီး မြို့ငယ်လေးခုမှ ဒေသခံ ၁၀၀ ခန့်ကို မီးလောင်မှုအန္တရာယ်မှ လွတ်မြောက်ရန် အတွက် ချက်ချင်းထွက်ခွာရန် ဇန်နဝါရီ
၂၉ ရက် နံနက်ပိုင်းက တိုက်တွန်းထားကြောင်း သိရသည်။
အမျိုးသားဥယျာဉ်၏ အနောက်ဘက်စွန်းတစ်လျှောက်
မီးလောင်မှုမှာ ညတွင်းချင်း သိသိသာသာ ပျံ့နှံ့နေပြီး နေရာမျိုးစုံကို ပျံ့နှံ့လောင်ခဲ့ကြောင်း ဗစ်တိုးရီးယားအရေးပေါ်အေဂျင်စီက သတိပေး ချက် ထုတ်ပြန်ထားသည်။
မီးလောင်မှုဧရိယာသည် ညတွင်းချင်း ဟက်တာ ၇၀၀၀
အထိ တိုးလာကြောင်း မီးလောင်မှုနှင့်
ပတ်သက်၍ ထိန်းသိမ်း ကြီးကြပ်သူ ပီတာဝက်စ်တန်က
ဩစတြေးလျ ရုပ်သံကော်ပိုရေးရှင်း (အေဘီစီ) သို့ ပြောကြားသည်။
ဆင်ဟွာ

No comments