ကျောက်ဆည်မြို့နယ်၌ ဆောင်းနေကြာ ၈၇၈၄ ဧက စိုက်ပျိုးထား
ကျောက်ဆည် ဇန်နဝါရီ
၃၁
မန္တလေးတိုင်းဒေသကြီး
ကျောက်ဆည်မြို့နယ်တွင် ဒေသတွင်းစားသုံးဆီဖူလုံပိုလျှံရေး ဆောင်းဆီထွက်သီးနှံများဖြစ်သည့်
မြေပဲ၊ နေကြာ၊ နှမ်း သီးနှံများ စိုက်ပျိုးကြကြောင်းနှင့် အခြေခံသမဝါယမ အသင်း ၆၃ သင်းမှ
အသင်းသားတောင်သူ ၂၃၃၉ ဦးက ဆောင်းနေကြာ ၈၇၈၄ ဧက စိုက်ပျိုးထားရှိကြောင်း မြို့နယ်သမဝါယမဦးစီးဌာနမှ
သိရသည်။
ထိုသို့ ဆောင်းနေကြာစိုက်ခင်းများ
စိုက်ပျိုးရာတွင် ရွှေဝါမြေ၊ ကျီးအိပ်၊ ဒွေးလှ၊ ရွှေဆူးလေ၊ ကျားကာ၊ ကလေး၊ ဖျောက်ဆိပ်ပင်၊
ပဲခင်း၊ သင်ပျို၊ ရန်ဘက်လို၊ ပန်းဝတ်ရည်၊ ဘုံကွင်း၊ ရွှေဒါး၊ အရှေ့ငယ်တိုး၊ မှိုင်းပန်လယ်ယာမြေနှင့်
အထွေထွေသမဝါယမ အသင်းသား အသင်းသူ ၅၄၉ ဦးက ၂၁၃၆ ဧက၊ ရတနာမွန်၊ ရောင်နီဦး၊ ပန်းခွာ၊ ဆယ်သိန်း၊
အောင်ဇေယျ၊ ပနံ၊ ဒါန်းတိုင်၊ မြင်စိုင်း၊ သုခ စိုက်ပျိုးရေးနှင့် အထွေထွေသမဝါယမ အသင်းသား
အသင်းသူ တောင်သူ ၃၄၄ ဦးက ၁၃၂၂ ဧက၊ ရွာတော်၊ ငါးလုံကုန်း၊ ညောင်ပင်ဇောက်၊ ဇရပ်ဖြူ၊ ငါးဆူ၊
ငွေပန်းကုန်း၊ ညောင်ဝန်း၊ မြင်းတွင်း၊ ပတ္တာ၊ မြင်းချီနိုင်၊ မြင်းကဘက်၊ လက်ပံဇင်၊
ပေါင်လောင်လေး၊ ရွှေပေါက်ပင်၊ သံ-နောက်၊ ကင်း၊ တောင်တော်၊ မြေစိုမိုးကောင်း၊ လယ်ကြီး၊
တောတွင်၊ စိုက်မလန်း၊ ကိုးပင်၊ ရဲမအူ၊ ရွှေညောင်၊ န-ရွာနန်း၊ လက်ပံပင်၊ စွမ်းရည်၊ ရွှေအင်း၊
အင်ရောင်း၊ စပါယ်တော၊ ကောင်းတင်၊ စင်းကွန်း၊ ရွာသစ်၊ ရဲရွာ၊ ရှမ်းတောင်ဦး၊ ချောင်းဆုံ၊
ရဲဘော်ကြီး၊ ရေကြည် စိုက်ပျိုးရေးနှင့် အထွေထွေသမဝါယမ အသင်းသား အသင်းသူ ၁၄၄၆ ဦးက ၈၇၈၄
ဧက စုစုပေါင်းတောင်သူ ၂၃၃၉ ဦးက ဆောင်းနေကြာ ၈၇၈၄ ဧက စိုက်ပျိုးထားရှိကြောင်း သိရသည်။
နေကြာစိုက်တောင်သူများ
လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးနှင့် နေကြာသီးနှံစိုက်ပျိုးရာတွင် ခက်ခဲမှုမရှိစေရေး
မြို့နယ်သမဝါယမဦးစီးဌာနမှ နေကြာတစ်ဧကအတွက် ငွေကျပ်နှစ်သိန်းနှင့် ညီမျှသော သွင်းအားစုများ
ထုတ်ချေးပေးခဲ့သည်။
သက်မောင်(ကျောက်ဆည်)
.jpg)
No comments