ဂါဇာဒေသ အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်ထုတ်ပြန်ကြေညာပြီးနောက် အစ္စရေး၏လေကြောင်းတိုက်ခိုက်မှုကြောင့် ပါလက်စတိုင်း ၈၆ ဦးထက်မနည်းသေဆုံး
ဇန်နဝါရီ ၁၇
ဂါဇာကမ်းမြောင်ဒေသတွင် အစ္စရေးနှင့်
ဟားမတ်စ်တို့အကြား ဇန်နဝါရီလ ၁၅ ရက်က အပစ်အခတ်ရပ်စဲရေးသဘောတူညီချက် သတင်းထုတ်ပြန်ချက်ထွက်ပေါ်လာပြီးနောက်
အစ္စရေးတို့၏ဆက်လက် တိုက်ခိုက်မှုကြောင့် ကလေးငယ် ၂၃ ဦးအပါအဝင် ပါလက်စတိုင်း ၈၆ ဦးထက်မနည်းသေဆုံးခဲ့ကြောင်း
ပါလက်စတိုင်းအရပ်ဘက်ကာကွယ်ရေးအဖွဲ့က ပြောကြားသည်။
အစ္စရေးတိုက်ခိုက်မှုကြောင့်
သေဆုံးသူများမှာ ဂါဇာမြောက်ပိုင်းမှ ၇၃ ဦး၊ အလယ်ပိုင်းမှ လေးဦးနှင့် တောင်ပိုင်းမှ
ကိုးဦးတို့ဖြစ်သည်ဟု သတင်းထုတ်ပြန်ထားသည်။
အဆိုပါသေဆုံးသူများတွင် အမျိုးသမီး
၂၇ ဦးနှင့် ကလေးငယ် ၂၃ ဦးတို့ပါဝင်ပြီး အခြား ၂၅၈ ဦးအထက် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း
ဖော်ပြထားသည်။
ဂါဇာဒေသတွင်ဖြစ်ပွားနေသော
ပဋိပက္ခအဆုံးသတ်စေရေး အစ္စရေးနှင့်ဟားမတ်စ်တို့အကြား ပြေလည်မှုရအောင် ဆောင်ရွက်ပေးနေသည့်
အီဂျစ်၊ ကာတာနှင့်အမေရိကန်နိုင်ငံတို့သည် အကျဉ်းသားနှင့်ဓားစာခံလဲလှယ်ရေး သဘောတူညီချက်ရရှိပြီဖြစ်ကြောင်း
ထုတ်ပြန်ကြေညာခဲ့သည်။
ထိုသဘောတူညီချက်သည် ဇန်နဝါရီ
၁၉ ရက်နေ့တွင် အသက်ဝင်မည်ဖြစ်သည်။ ၂၀၂၃ ခုနှစ် အောက်တိုဘာ ၇ ရက်ကစတင်ကာ ဟားမတ်စ်နှင့်
အစ္စရေးတို့၏ ပဋိပက္ခဖြစ်ပွားမှုကြောင့် ဂါဇာဒေသတွင် ပါလက်စတိုင်းသေဆုံးသူပေါင်း ၄၆၀၀၀
ကျော် ရှိလာသည်ဟု သိရသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို
No comments