ကျောက်ဆည်မြို့နယ်၌ နွေနှမ်း ဧက ၂၉၀၀၀ လျာထားစိုက်ပျိုး
ကျောက်ဆည် ဖေဖော်ဝါရီ
၂၆
မန္တလေးတိုင်းဒေသကြီး
ကျောက်ဆည်မြို့နယ်၌ ဒေသတွင်းစားသုံးဆီဖူလုံပိုလျှံရေး ဇော်ဂျီကင်းတားဆည်ရေသောက် စနစ်ဖြင့်
မင်းရဲ၊ သင်းတွဲ၊ သင်းဒီး၊ ထုံးကြီး၊ စမာ၊ တမုတ် စသည့် စိုက်ပျိုးရေးနည်းပညာပေး ရှေ့တန်းစခန်းများတွင်
နွေနှမ်းဧက ၂၉၀၀၀ လျာထားပြီး စတင်စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။
နွေနှမ်းများစိုက်ပျိုးရာတွင်
ဇော်ဂျီဆည်မှ မင်းရဲစိုက်ပျိုးရေပေးမြောင်းဖြင့် ၈၄၇ ဧက၊ သင်းတွဲစိုက်ပျိုးရေပေးမြောင်းဖြင့်
၁၇၆၆ ဧက၊ ငပြောင်စိုက်ပျိုးရေပေးမြောင်းဖြင့် ၁၉၅၇ ဧက၊ ဇီးတောစိုက်ပျိုးရေပေးမြောင်းဖြင့်
၁၂၁ ဧက၊ နွားတက်စိုက်ပျိုးရေပေးမြောင်းဖြင့် ၉၉၅၂ ဧက၊ တမုတ်စိုက်ပျိုးရေပေးမြောင်းဖြင့်
ဧက ၂၅၂၀၊ အထက်လင်းဇင်း စိုက်ပျိုးရေပေးမြောင်းဖြင့် ဧက ၆၅၀၊ ကင်းတားဆည်မှ သင်းဒီးစိုက်ပျိုးရေပေးမြောင်းဖြင့်
၄၆၅၉ ဧက၊ ထုံးကြီးစိုက်ပျိုးရေပေးမြောင်းဖြင့် ဧက၂၁၈၀၊ စမာစိုက်ပျိုးရေပေးမြောင်းဖြင့်
၄၃၀၈ ဧက၊ သစ်တကျွန်းဆည်မှ သစ်တကျွန်းစိုက်ပျိုးရေပေးမြောင်းဖြင့် ဧက ၄၀ စုစုပေါင်းဧက
၂၉၀၀၀ လျာထားစိုက်ပျိုးလျက်ရှိကြောင်း သိရသည်။
ကျောက်ဆည်မြို့နယ်အနေဖြင့်
နွေနှမ်းများစိုက်ပျိုးရာတွင် မိရိုးဖလာပက်ကြဲစနစ်၊ သိပ္ပံနည်းကျ ထွန်ကြောင်းဆွဲတန်းချစနစ်၊
ပေါင်ကြီးတင်စနစ် စသည့်စနစ်များကို အသုံးပြုကာ စိုက်ပျိုးလျက်ရှိကြောင်းနှင့် နွေနှမ်းစိုက်တောင်သူများမှလည်း
အထွက်နှုန်းကောင်းမွန်ပြီး ဒေသနှင့်ကိုက်ညီသည့် ဆင်းရတနာ(၄) နှမ်းမျိုးများ အများဆုံးစိုက်ပျိုးကြပြီး
မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ စိုက်ပျိုးသီးနှံများ အောင်မြင်ဖြစ်ထွန်းပြီး အထွက်နှုန်းကောင်းမွန်ရေး
မြေပြုပြင်ချိန်မှစတင်ကာ အပင်ပြုစုပျိုးထောင် သားခွဲပေါင်းနုတ်ရှင်းလင်း သွင်းအားစုထည့်၊
ရိတ်သိမ်းချိန်အထိ ပညာပေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သက်မောင်(ကျောက်ဆည်)
.jpg)
No comments