ပင်လောင်းမြို့နယ်မှ ကြက်သွန်ဖြူအသစ်များ စတင်ထွက်ရှိ
နောင်တရား ဖေဖော်ဝါရီ
၂၆
ရှမ်းပြည်နယ်(တောင်ပိုင်း)
ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ် နောင်တရားမြို့ အနီးပတ်ဝန်းကျင်ကျေးရွာများ၌
ဆောင်းရာသီတွင် ကြက်သွန်ဖြူကို စိုက်ပျိုးလျက်ရှိပြီး ကြက်သွန်ဖြူအသစ်များ ထွက်ရှိနေကြောင်း
ဘုရားဖြူကျေးရွာမှ ကြက်သွန်ဖြူစိုက် တောင်သူတစ်ဦးက ပြောသည်။
ကြက်သွန်ဖြူစိုက်တောင်သူများသည်
စိုက်ပျိုးရေးစနစ်၊ သဘာဝမြေဩဇာနှင့် ဓာတ်မြေဩဇာ သုံးစွဲမှုစနစ်များကို ပြုပြင်ပြောင်းလဲစိုက်ပျိုးလာခြင်းကြောင့်
ကြက်သွန်ဖြူများ အရည်အသွေးပြည့်ပြီး အထွက်နှုန်းတိုးတက်လာလျက်ရှိသည်။ နေ့စဉ်ကြက်သွန်ဖြူဈေးနှုန်းမှာ
အတက်အကျရှိနေသော်လည်း စားသုံးသူအတွက်ဈေးသင့်ပြီး စိုက်ပျိုးရေးတောင်သူများအတွက် အကျိုးအမြတ်ရရှိစေမည့်
ပုံသေဈေးနှုန်းကို တောင်သူများက မျှော်လင့်နေကြောင်း သိရသည်။
ခွန်အောင်(နောင်တရား)
.jpg)
No comments