ထန်းတပင်မြို့နယ်၌ နွေစပါးဧက ၃၀ဝ၀ဝ ကျော် စိုက်ပျိုးပြီးစီး
ရန်ကုန် ဖေဖော်ဝါရီ ၁၉
ရန်ကုန်တိုင်းဒေသကြီး ထန်းတပင်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနက
၂၀၂၄-၂ဝ၂၅ ခုနှစ် နွေစပါးစိုက်ပျိုးရာသီတွင် နွေစပါးလျာထားဧကထက် ကျော်လွန်အောင်စိုက်ပျိုးနိုင်ရေး
စီစဉ်ဆောင်ရွက်လျက်ရှိပြီး ယနေ့အထိ နွေစပါးလျာထားစိုက်ဧက ၄၇၀၀၀ ကျော်ရှိသည့်အနက် ဧက
၃၈၈၀၀ ကျော်စိုက်ပျိုးပြီးစီးကြောင်း အဆိုပါဦးစီးဌာနမှ သိရသည်။
ထန်းတပင်မြို့နယ်အတွင်း ယခုနှစ် နွေစပါးစိုက်ပျိုးရာသီတွင်
နွေစပါးလျာထားစိုက်ဧက ၄၇၄၂၅ ဧကရှိသလို လက်ရှိအချိန်တွင် ဧကပေါင်း ၃၈၈၅၉ ဧကကို စိုက်ပျိုးနိုင်ခဲ့ပြီး
လျာထားဧကထက် ကျော်လွန်အောင် စိုက်ပျိုးနိုင်ရေးအတွက်လည်း တာဝန်ရှိသူများက တောင်သူအသိပညာပေး
လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
“ထန်းတပင်မြို့နယ်အတွင်းမှာရှိတဲ့ တောင်သူတွေ
စပါးစိုက်ပျိုးတဲ့နေရာမှာ လုပ်အားကုန်ကျမှုစရိတ်တွေ၊ မျိုးစေ့နှုန်းထား ကုန်ကျမှုစရိတ်တွေသက်သာဖို့နဲ့
စပါးအထွက်နှုန်း တိုးတက်လာဖို့အတွက်ဆိုပြီးတော့ နွေစပါးဧက ၁၀၀ စံပြစိုက်ခင်းမှာ စိုက်ပျိုးနည်းစနစ်တွေကို
သက်ဆိုင်ရာကွင်းအလိုက်မှာ တောင်သူအသိပညာပေး နွေစပါးလက်တွေ့ စိုက်ပျိုးပြသပေးလျက် ရှိပါတယ်။
ဒါ့အပြင်ကို နည်းပညာ၊ မျိုးကောင်းမျိုးသန့် ရွေးချယ်စိုက်ပျိုးနိုင်ရေးအတွက်ကိုလည်း
ကူညီပံ့ပိုးဆောင်ရွက်လျက် ရှိပါတယ်" ဟု မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူး
ဦးစောဝင်းကိုက ပြောသည်။
ဇင်မင်းထိုက်(ထန်းတပင်)
.jpg)
No comments