ကျွန်းလှမြို့နယ်၌ ပဲစင်းငုံသီးနှံ ၁၁၅၃၅ ဧက ရိတ်သိမ်း တင်း ၁၆၃၀၀၀ ကျော် ထွက်ရှိ
ကျွန်းလှ ဖေဖော်ဝါရီ ၁၉
စစ်ကိုင်းတိုင်းဒေသကြီး ကျွန်းလှမြို့နယ်၌
မိုးရာသီက စိုက်ပျိုးခဲ့သော ပဲစင်းငုံ သီးနှံ ၁၁၅၃၅ ဧက ရိတ်သိမ်းပြီး တင်း ၁၆၃၀၀၀ ကျော်ထွက်ရှိကြောင်း
မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
“ကျွန်းလှမြို့နယ်မှာ ပဲစင်းငုံသီးနှံကို မိုးရာသီတွင်
အဓိကထားစိုက်ပျိုးကြပါတယ်။ စိုက်ပျိုးရာမှာ သီးသန့်စိုက်ပျိုးကြသလို မြေပဲ၊ ပြောင်းသီးနှံတို့နဲ့
သီးညှပ်စိုက်ပျိုးကြပါတယ်။ အခုအခါ စိုက်ဧကအားလုံးရိတ်သိမ်းပြီး တစ်ဧက ၁၄ ဒသမ ၁၉ တင်းထွက်
ရှိပါတယ်”ဟု မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဒေါ်မြင့်မြင့်ရီက ပြောသည်။
အဆိုပါ ပဲစင်းငုံစိုက်ပျိုးသော တောင်သူများအား
ဒေသရာသီဥတုနှင့်ကိုက်ညီပြီး ရောဂါပိုးမွှားဒဏ်ခံနိုင်ရည်ရှိသည့် ဈေးကွက်ဝင် အထွက်ကောင်းမျိုးများ
ဖြန့်ဖြူးပေးခြင်း၊ စိုက်နည်းစနစ်မှန်ကန်ရေး ကွင်းသရုပ်ပြပွဲပြုလုပ်ခြင်းနှင့် စိုက်ပျိုးရေးဆိုင်ရာများ
အသိပညာ ပေးခဲ့သည်။
ကျွန်းလှမြို့နယ်၌ စပါးအပြင် သီးနှံမျိုးစုံ
စိုက်ပျိုးထုတ်လုပ်လျက်ရှိပြီး ၂၀၂၄ - ၂၀၂၅ ခုနှစ် ပဲမျိုးစုံစိုက်ပျိုးမှုအဖြစ် မိုးရာသီတွင်
ဧက ၁၆၉၅၀၊ ဆောင်းရာသီတွင် ၂၁၉၀၆ ဧက စိုက်ပျိုးနိုင်ခဲ့ကြောင်း သိရသည်။
မျိုးဝင်းညို(ကျွန်းလှ)
.jpg)
No comments