ကျောက်ဆည်ခရိုင်၌ ကြက်သွန်နီများ လှိုင်လှိုင်ထွက်ပေါ်ကာ အရောင်းအဝယ်ဖြစ်
မန္တလေး ဖေဖော်ဝါရီ
၂၀
မန္တလေးတိုင်းဒေသကြီး
ကျောက်ဆည်ခရိုင်အတွင်းရှိ ကသဲကုန်း၊ ၊ သိုတန်၊ ငါးမြွေကုန်း၊ ပင်းချားနှင့် လက်ဝဲရွာများတွင်
လယ်ယာစိုက်ပျိုးရေးလုပ်ငန်းကို လုပ်ကိုင်ကြပြီး သီးနှံမျိုးစုံစိုက်ပျိုးလျက်ရှိရာ
စားဖိုဆောင်သီးနှံတစ်မျိုးဖြစ်သော ကြက်သွန်နီကို ကျောက်ဆည်မြို့နယ်၌ ၈၉၇၅ ဧက၊ စဉ့်ကိုင်မြို့နယ်၌
၃၅၁၅ ဧက၊ မြစ်သားမြို့နယ်၌ ၁၅၅၃၀ ဧက စုစုပေါင်း ဧက ၂၈၀၂၀ စိုက်ပျိုးထားရှိကြောင်း ခရိုင်ကြေးတိုင်နှင့်
မြေစာရင်းဦးစီးဌာန၏ စာရင်းများအရ သိရပြီး ယခုအချိန်တွင် ကြက်သွန်နီများ လှိုင်လှိုင်ထွက်ပေါ်ကာ
ဈေးကွက်အတွင်း ဝင်ရောက်၍ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။
ကြက်သွန်နီ(ဆောင်း)
စိုက်ပျိုးရာတွင် မျိုးစေ့ကို ပျိုးထောင်၍ ပျိုးပင်သက်တမ်းရင့်ချိန်တွင် ဘောင်ခတ်စနစ်ဖြင့်
မြေချစိုက်ပျိုးရကြောင်း၊ မျိုးအနေဖြင့် မြစ်သားရွှေဖလားမျိုးမှန်နှင့် ရွှေဖလားထိပ်မောက်မျိုးများကို
အများဆုံးစိုက်ပျိုးကြပြီး မျိုး၊ သွင်းအားစု၊ မြေပြုပြင်ခ၊ လုပ်သားခအပါအဝင် စုစုပေါင်း
ငွေကျပ် ၃၂ သိန်းခန့် ကုန်ကျကြောင်း၊ တစ်ဧကလျှင် ပိဿာချိန် စုစုပေါင်း ၂၄၀၀-၂၅၀၀ ခန့်
ထွက်ရှိပြီး မြေဆီလွှာကောင်းမွန်မှုနှင့် ဖြစ်ထွန်းအောင်မြင်မှုအပေါ် မူတည်ပြီး အလုံးများသန့်၍
အထွက်နှုန်းပိုမိုကြောင်း၊ ဈေးကွက်အနေဖြင့် ပွဲစားများက စိုက်ခင်းသို့ လာရောက်ဝယ်ယူမှုများရှိသည့်အပြင်
တောင်သူများကလည်း ကျောက်ဆည်မြို့နှင့် မန္တလေးမြို့ရှိ ပွဲရုံများသို့ တင်ပို့ရောင်းချပြီး
ပွဲရုံများမှတစ်ဆင့် ရန်ကုန်မြို့သို့ တင်ပို့ရောင်းချကြောင်း ကြက်သွန်နီစိုက် တောင်သူတစ်ဦးထံမှ
သိရသည်။
သတင်းရင်းမြစ်
- စီးပွား/ကူးသန်း

No comments