မြင်းခြံခရိုင်၌ ဆောင်းထောပတ်ပဲစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိ
မြင်းခြံ ဖေဖော်ဝါရီ
၂၀
မန္တလေးတိုင်းဒေသကြီး
မြင်းခြံခရိုင်တွင် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းကို လုပ်ကိုင်ကြပြီး သီးနှံမျိုးစုံစိုက်ပျိုးလျက်ရှိရာ
ထောပတ်ပဲကို မိုးစိုက်နှင့်ဆောင်းစိုက်ဟူ၍ နှစ်ရာသီ စိုက်ပျိုးကြကြောင်း၊ ဆောင်းထောပတ်ပဲကို
မြင်းခြံမြို့နယ်တွင် ၈၉၆ ဧက၊ နွားထိုးကြီးမြို့ နယ်တွင် ၂၀၄၇ ဧက စုစုပေါင်း ၂၉၄၃ ဧက
စိုက်ပျိုးထားရှိကြောင်း ခရိုင်ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာန၏ စာရင်း များအရ သိရသည်။
ဆောင်းထောပတ်ပဲကို
စက်တင်ဘာလနှင့် အောက်တိုဘာလများတွင် စိုက်ပျိုးကြပြီး မတ်လနှင့် ဧပြီလများတွင် ရိတ်သိမ်းထွက်ပေါ်ကြောင်း၊
ထောပတ်ပဲမျိုးများမှာ ပင်ထောင်ထောပတ်ပဲမျိုးနှင့် ပင်ပြန့်ထောပတ်ပဲမျိုးများဖြစ်ပြီး
ပင်ပြန့်မျိုးများကို အများဆုံးစိုက်ပျိုးကြကြောင်း၊ စိုက်ပျိုးရာတွင် မြေပြုပြင်၍
အတန်းလိုက်စိုက်ပျိုးကြပြီး ကုန်ကျစရိတ်အနေဖြင့် မျိုး၊ သွင်းအားစု၊ မြေပြုပြင်ခ၊ လုပ်သားခအပါအဝင်
တစ်ဧကလျှင် စုစုပေါင်းငွေကျပ် ၅၃၀၀၀၀ ခန့်ကုန်ကျကြောင်း၊ ယခင်နှစ်က တစ်ဧကလျှင် ထောပတ်ပဲ
၉-၁၀ တင်းခန့်ထွက်ရှိခဲ့ကြောင်း၊ ဈေးကွက်အနေဖြင့် မြင်းခြံမြို့ရှိပွဲရုံများသို့ တင်ပို့ရောင်းချပြီး
ထိုမှတစ်ဆင့် ရန်ကုန်(ဘုရင့်နောင်)ပွဲရုံသို့ တင်ပို့ကြောင်း၊ ယခုအချိန်တွင် ထောပတ်ပဲစိုက်ခင်းများမှာ
အသီးအပွင့်များ ဝေဆာ၍ အောင်မြင်ဖြစ်ထွန်းလျက်ရှိပြီး မကြာမီအချိန်တွင် ရိတ်သိမ်းရမည်
ဖြစ်ကြောင်းထောပတ်ပဲစိုက် တောင်သူတစ်ဦးထံမှ သိရသည်။
သတင်းရင်းမြစ်
- စီးပွား/ကူးသန်း

No comments