ရွှေတောင်မြို့နယ်၌ ဖရဲသီးများ တစ်နိုင်တစ်ပိုင်စိုက်ပျိုး၍ အကျိုးအမြတ်ရရှိ
ပြည် ဖေဖော်ဝါရီ
၂၀
ပဲခူးတိုင်းဒေသကြီး
ရွှေတောင်မြို့နယ် ကျီးသဲကျေးရွာအုပ်စုတွင် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းကို လုပ်ကိုင်ကြပြီး
သီးနှံမျိုးစုံစိုက်ပျိုးလျက်ရှိရာ ရာသီပေါ်သီးနှံတစ်မျိုးဖြစ်သော ဖရဲသီးကို ခြောက်ဧကခန့်
စိုက်ပျိုးထားရှိကြောင်း သိရသည်။
ဖရဲသီးကို အောက်တိုဘာလတွင်
စတင်စိုက်ပျိုးကြပြီး သုံးလခန့်အကြာ ဇန်နဝါရီလမှ စတင်၍ ဖရဲသီးများ ထွက်ပေါ်ကြောင်း၊
မျိုးအနေဖြင့် ဖရဲ- ၆၁၁ မျိုးများကို သဲနုန်းမြေများတွင် စိုက်ပျိုးကြပြီး မျိုး၊ သွင်းအားစု၊
လုပ်သားခအပါအဝင် တစ်ဧကလျှင် စုစုပေါင်းငွေကျပ် ခြောက်သိန်းခန့် ကုန်ကျကြောင်း၊ တစ်ဧကလျှင်
ရောင်းတန်းဝင် ဖရဲသီးအလုံးရေ ၁၅၀၀ ခန့် ထွက်ရှိကြောင်း၊ ဈေးကွက်အနေဖြင့် ဖရဲစိုက်ခင်းများကို
ပွဲစားများထံသို့ အခင်းပြတ်ရောင်းချကြပြီး ပွဲစားများက ရန်ကုန်-ပြည် ကားလမ်းဘေးတွင်
ဆိုင်ခန်းများ ဖွင့်လှစ်ရောင်းချကြသည့်အပြင် ပြည်မြို့၊ ရွှေတောင်မြို့၊ ဝက်ထီးကန်မြို့နှင့်
မှော်ဇာမြို့များသို့လည်း တင်ပို့ရောင်းချကြကြောင်း သိရသည်။
သတင်းရင်းမြစ်
- စီးပွား/ကူးသန်း

No comments