အထက်မင်းလှမြို့နယ် ပန်းတော်ပြင်ကျေးရွာ၌ ဖူးစားပြောင်းစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း
မကွေး ဖေဖော်ဝါရီ
၂၀
မကွေးတိုင်းဒေသကြီး
အထက်မင်းလှမြို့နယ် ပန်းတော်ပြင်ကျေးရွာတွင် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းကို လုပ်ကိုင်ကြပြီး
သီးနှံမျိုးစုံ စိုက်ပျိုးလျက်ရှိရာ ဖူးစားပြောင်းများကိုလည်း ၁၀ ဧကခန့် စိုက်ပျိုးထားရှိကြောင်း
သိရသည်။
ဖူးစားပြောင်းကို
ဒီဇင်ဘာလတွင် စတင်စိုက်ပျိုးပြီး သုံးလအကြာတွင် ခူးဆွတ်ရကြောင်း၊ ထိုင်ဝမ်ပြောင်းစီးမျိုးများကို
အများဆုံးစိုက်ပျိုးကြပြီး တစ်ဧကလျှင် မျိုးထုပ် သုံးထုပ်ခန့် ကုန်ကျကြောင်း၊ စိုက်ပျိုးရာတွင်
ထွန်ကြောင်းဆွဲအစေ့ချ၍ မြေအောက်ရေတင်စနစ်ဖြင့် စိုက်ပျိုးကြပြီး မျိုး၊ သွင်းအားစု၊
ရေသွင်းခ၊ မြေပြုပြင်ခနှင့် လုပ်သားခအပါအဝင် တစ်ဧကလျှင် စုစုပေါင်းငွေကျပ် ၄၅၀၀၀၀ ခန့်ကုန်ကျကြောင်း၊
ယခင်နှစ်က တစ်ဧကလျှင် ပြောင်းဖူးအရေအတွက် ၄၀၀၀ ခန့် ထွက်ရှိခဲ့ပြီး စိုက်ပျိုးမြေအနေအထားနှင့်
သီးနှံဖြစ်ထွန်းအောင်မြင်မှုအပေါ် မူတည်၍ အထွက်နှုန်းများ ကွာခြားမှုရှိကြောင်း၊ ဈေးကွက်အနေဖြင့်
အထက်မင်းလှမြို့ ဇေယျာသီရိဈေးနှင့် သရက်-မင်းလှကားလမ်းဘေးရှိ ကုန်စိမ်းဒိုင်များသို့
တင်ပို့ရောင်းချကြကြောင်း၊ ယခုအချိန်တွင် ပြောင်းစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိပြီး
သီးနှံပေါ်ချိန်တွင် ဈေးနှုန်းကောင်းမွန်ပါက အကျိုးအမြတ်များ ရရှိနိုင်မည်ဖြစ်ကြောင်း
ပြောင်းစိုက်တောင်သူတစ်ဦးထံမှ သိရသည်။
သတင်းရင်းမြစ်
- စီးပွား/ကူးသန်း

No comments