မြင်းခြံမြို့နယ် တလုပ်မြို့ဝန်းကျင်ကို လုံခြုံရေးတပ်ဖွဲ့ဝင်များက လေကြောင်းဖြင့် ဗုံးကြဲကြောင်း သတင်းအမှားများ ဖြန့်ဝေလျက်ရှိ
နေပြည်တော် ဖေဖော်ဝါရီ ၃
မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင်
မြင်းခြံမြို့နယ် တလုပ်မြို့ဝန်းကျင်တွင် ဖေဖော်ဝါရီ ၁ ရက် ညပိုင်းတွင်
လေကြောင်းဖြင့်ဗုံးကြဲခဲ့ကြောင်း တရားမဝင် ပြည်ဖျက်မီဒီယာများက မဟုတ်မမှန်
လုပ်ကြံရေးသားဖြန့်ဝေလျက်ရှိကြောင်း တွေ့ရှိရသည်။
အဆိုပါသတင်းနှင့် ပတ်သက်၍
နယ်မြေခံလုံခြုံရေး တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ အကြမ်းဖက်သမားများ အနေဖြင့်
အဆိုပါနယ်မြေအတွင်း ပြည်သူများ အေးချမ်းသာယာစွာဖြင့် နေထိုင် လုပ်ကိုင်နိုင်စေရေးအတွက်
လိုအပ်သည့်လုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်နေသော လုံခြုံရေး တပ်ဖွဲ့ဝင်များအား
ထိခိုက်စေရန်ရည်ရွယ်၍ Drone များအသုံးပြုကာ Drop Bomb ချ တိုက်ခိုက်မှုများကြောင့်
ပြည်သူများ ထိခိုက်ဒဏ်ရာရရှိခြင်း၊ အသက်၊ အိုးအိမ်၊ စည်းစိမ်များ
ဆုံးရှုံးရခြင်းများ ရှိကြောင်း၊ တရားမဝင် ပြည်ဖျက်မီဒီယာများအနေဖြင့်
လုံခြုံရေးတပ်ဖွဲ့ဝင် များအပေါ် ပြည်သူများ အထင်အမြင် လွဲမှားစေရန်ရည်ရွယ်၍
မဟုတ်မမှန် လုပ်ကြံရေးသား ဖြန့်ဝေနေခြင်း ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်

No comments