ကျောက်ဆည်မြို့နယ်၌ ငှက်ပျောသီးနှံစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း
ကျောက်ဆည် ဖေဖော်ဝါရီ ၃
မန္တလေးတိုင်းဒေသကြီး
ကျောက်ဆည်မြို့နယ် သင်ပျိုရွာ၊ သာဂရရွာနှင့် သံချက်ကုန်းရွာများတွင်
လယ်ယာစိုက်ပျိုးရေးလုပ်ငန်းကို လုပ်ကိုင်ကြပြီး ငှက်ပျောသီးနှံများကို
စိုက်ပျိုးလျက်ရှိရာ ကျောက်ဆည်မြို့နယ်တွင် ၁၂၈၂ ဧက စိုက်ပျိုးထားရှိကြောင်း
ခရိုင်ကြေးတိုင်နှင့်မြေစာရင်း ဦးစီးဌာန၏ စာရင်းများအရ သိရသည်။
ငှက်ပျောသီးနှံကို
တစ်နှစ်ပတ်လုံးစိုက်ပျိုးပြီး ၁၀ လခန့်အကြာတွင် ငှက်ပျောသီးနှံများကို စတင်ခုတ်ယူ ရောင်းချနိုင်ကြောင်း၊
ဖီးကြမ်းငှက်ပျောမျိုးများကို စိုက်ပျိုးကြပြီး စိုက်ပျိုးမှုအတွက် မျိုး၊
သွင်းအားစု၊ လုပ်သားခအပါအဝင် တစ်ဧကလျှင် စုစုပေါင်းငွေကျပ် ၁၅ သိန်းခန့်ကုန်ကျကြောင်း၊
ယခင်နှစ်က တစ်ဧကလျှင် ငှက်ပျောခိုင် အခိုင် ၈၀၀ ခန့် ထွက်ရှိခဲ့ကြောင်း၊
ဈေးကွက်အနေဖြင့် ပွဲစားများက ငှက်ပျောခြံအရောက် လာရောက်ဝယ်ယူကြပြီး ထိုမှတစ်ဆင့်
ကျောက်ဆည်ဒေသတွင်းနှင့် မန္တလေးမြို့သို့ တင်ပို့ရောင်းချကြောင်း၊
ငှက်ပျောသီးနှံကို တစ်နှစ်ပတ်လုံးစိုက်ပျိုးနိုင်ပြီး ယခုအချိန်တွင်
ငှက်ပျောသီးများ ထွက်ပေါ်ခြင်း မရှိသေးသော်လည်း ငှက်ပျောစိုက်ခင်းများမှာ
အောင်မြင်ဖြစ်ထွန်းလျက်ရှိရာ ငှက်ပျောသီးထွက်ပေါ်ချိန်တွင်
ဈေးနှုန်းများကောင်းမွန်ပါက အကျိုးအမြတ်များ ပိုမိုရရှိနိုင်ကြောင်း
တောင်သူတစ်ဦးထံမှ သိရသည်။
သတင်းရင်းမြစ်
စီးပွား/ကူးသန်း

No comments