အိန္ဒိယနိုင်ငံတောင်ပိုင်း၌ ဆောက်လုပ်ဆဲလိုဏ်ခေါင်းပြိုကျမှုဖြစ်ပွား ပိတ်မိနေသူရှစ်ဦးအား ကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်


 

နယူးဒေလီ ဖေဖော်ဝါရီ ၂၃

 

ကယ်ဆယ်ရေးလုပ်ငန်း ဆောင်ရွက်ရာတွင် ထပ်မံလမ်းပိတ်ဆို့မှု ဖြစ်ပွားခဲ့သောကြောင့် အိန္ဒိယ နိုင်ငံတောင်ပိုင်း တယ်လန်ဂါနာပြည်နယ်ရှိ ဆောက်လုပ်ဆဲဥမင်လိုဏ်ခေါင်းတစ်ခုအတွင်း ပိတ်မိနေသူရှစ်ဦး၏ ကံကြမ္မာမှာ ဖေဖော်ဝါရီ ၂၃ ရက်အထိ ရေရာသေချာမှုမရှိသေးကြောင်း ကယ်ဆယ်ရေးလုပ်ငန်းကို ကြီးကြပ်ဆောင်ရွက်နေသည့် အကြီးတန်း အရာရှိတစ်ဦးက ပြောသည်။

 

လိုဏ်ခေါင်းအတွင်း ပြိုကျသွားသောအပိုင်းကို သွားရောက်ရန်မဖြစ်နိုင်တော့ကြောင်း၊ ပိတ်မိနေသော လုပ်သားများထံ ဆက်သွယ်ရန်အတွက် အခြားနည်းလမ်းများကို ရှာဖွေရမည်ဖြစ်ကြောင်း တာဝန်ရှိသူတစ်ဦးက ပြောသည်။

 

ယင်းဖြစ်ရပ်မှာ ဖေဖော်ဝါရီ ၂၂ ရက် နံနက်ပိုင်းက တယ်လန် ဂါနာပြည်နယ် နဂါကာနူးလ် ခရိုင်၌ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။  အခင်းဖြစ်ပွားချိန်တွင် လိုဏ်ခေါင်းအတွင်း၌ ယိုစိမ့်မှုတစ်ခုကို ပြုပြင်ရန် အလုပ်သမား ၅၀ ခန့် ရှိပြီး အခြားလုပ်သားများ လွတ်မြောက်ခဲ့သော်လည်း လိုဏ်ခေါင်းအတွင်း ရှစ်ဦးပိတ်မိနေခဲ့ခြင်း ဖြစ်သည်။  အဆိုပါ ပိတ်မိသူများတွင် အင်ဂျင်နီယာနှစ်ဦး၊ နည်းပညာ ဝန်ထမ်းနှစ်ဦးနှင့် အလုပ်သမား လေးဦး ပါဝင်ကြောင်း သိရသည်။

 

ဆင်ဟွာ

 


No comments

Powered by Blogger.