ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီမှ အမေရိကန်နုတ်ထွက်သည့် အမိန့်တစ်ရပ် သမ္မတ ဒေါ်နယ်ထရမ့် လက်မှတ်ရေးထိုး



ဝါရှင်တန် ဖေဖော်ဝါရီ ၅

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ (UNHRC)မှ အမေရိကန်နိုင်ငံ နုတ်ထွက်သည့် အမိန့်တစ်ရပ်ကို ယမန်နေ့တွင် လက်မှတ်ရေးထိုးကြောင်း သိရသည်။

အဆိုပါအမိန့်တွင် ပါလက်စတိုင်းဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂကယ်ဆယ်ရေးနှင့်   လုပ်ငန်းများ အေဂျင်စီ (UNRWA) အဖွဲ့မှ   နုတ်ထွက်မည့်အစီအစဉ်လည်း ပါဝင်သည်။

သို့သော်  အမေရိကန်နိုင်ငံသည် ကုလသမဂ္ဂပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့ (ယူနက်စကို)သို့   ဝင်ရောက်ရန် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက‌ တောင်းဆိုမည်ဖြစ်သည်။

ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ (UNHRC)နှင့် ပါလက်စတိုင်းဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂ ကယ်ဆယ်ရေးနှင့် လုပ်ငန်းများအေဂျင်စီ (UNRWA) တို့သည် အစ္စရေးနိုင်ငံနှင့် သဘောထား ကွဲလွဲမှုများရှိသည့်အတွက် အမေရိကန်နိုင်ငံအနေဖြင့် အဆိုပါအဖွဲ့အစည်းနှစ်ရပ်မှ နုတ်ထွက်ခြင်း ဖြစ်ကြောင်း     ဒေါ်နယ်ထရမ့်က ကြေညာခဲ့သည်။

ဒေါ်နယ်ထရမ့်၏ ပထမသက်တမ်း ကာလအတွင်း အမေရိကန်နိုင်ငံကို ၂၀၁၈ ခုနှစ် ဇွန်လတွင်  ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီမှ  နုတ်ထွက်ခဲ့သည်။

ထို့နောက် သမ္မတဟောင်းဂျိုးဘိုင်ဒင် လက်ထက်ဖြစ်သည့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလတွင် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်ထော်နီဘလင်ကန်က အမေရိကန်နိုင်ငံကို ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ၏ လေ့လာစောင့်ကြည့်သည့်နိုင်ငံအဖြစ် ပြန်လည်ပူးပေါင်းဆောင်ရွက် ခဲ့သည်။

၁၉၅၀ ပြည့်နှစ်မှစပြီး ပါလက်စတိုင်း ဒုက္ခသည်များဆိုင်ရာ   ကုလသမဂ္ဂကယ်ဆယ်ရေးနှင့် လုပ်ငန်းများအေဂျင်စီ (UNRWA)သည် ဂျော်ဒန်၊ လက်ဘနွန်၊ ဆီးရီးယား၊ ဂါဇာကမ်းမြောင်နှင့် အရှေ့ ဂျေရုဆလင်   အပါအဝင်  အနောက်ဘက်ကမ်းရှိ ပါလက်စတိုင်းဒုက္ခသည်များကို  ကူညီဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။                 

ကိုးကား - ဆင်ဟွာ

ဘာသာပြန် - အောင်ကျော်ကျော်

No comments

Powered by Blogger.