ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ၂၀၂၆-၂၀၂၇ ခုနှစ် ရသုံးငွေစာရင်းတွင် အမေရိကန်ဒေါ်လာသန်း ၄၀၀ ခန့် ဖြတ်တောက်နိုင်ဖွယ်ရှိ
ဂျီနီဗာ ဖေဖော်ဝါရီ ၅
ကမ္ဘာ့ကျန်းမာရေးအဖွဲ့သည်
၂၀၂၆-၂၀၂၇ ခုနှစ် ရသုံးငွေစာရင်းတွင် အမေရိကန်ဒေါ်လာသန်း
၄၀၀ ခန့် ဖြတ်တောက်နိုင်ဖွယ်ရှိ ကြောင်း သိရသည်။
အမေရိကန်နိုင်ငံ ကမ္ဘာ့ကျန်းမာ
ရေးအဖွဲ့မှ နုတ်ထွက်ရန် ကြေညာပြီးနောက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ၏ ရသုံးငွေစာရင်းကို
အထက်ပါအတိုင်း ခန့်မှန်းတွက်ချက်ခြင်း ဖြစ်သည်။
အမေရိကန်နိုင်ငံသည် ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ အကြီးမားဆုံး အလှူရှင်နိုင်ငံဖြစ်သည်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ဝင်နိုင်ငံများသည် ရသုံးငွေစာရင်းနှင့် အခြားကိစ္စရပ်များနှင့် ပတ်သက်ပြီး
အမှုဆောင်ဘုတ်အဖွဲ့ အစည်းအဝေးတွင် ဆွေးနွေးလျက်ရှိသည်။ အဆိုပါဆွေးနွေးပွဲကို ဆွစ်ဇာလန်
နိုင်ငံ ဂျီနီဗာမြို့၌ ဖေဖော်ဝါရီ ၃ ရက်တွင် စတင်ခဲ့ကြောင်း သိရသည်။
လာမည့်နှစ်နှစ်အတွင်း ရသုံးငွေစာရင်း၏
အခြေခံအပိုင်းကို အမေရိကန်ဒေါ်လာ ၄ ဒသမ ၉ ဘီလီယံ အထိ လျှော့ချခွဲဝေသုံးစွဲရန် အဆိုပြုထားသည်။
မူလအဆိုပြုချက်တွင် ဒေါ်လာ ၅ ဒသမ ၃ ဘီလီယံ ခန့် ခွဲဝေပေးရန် တောင်းဆိုခဲ့ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့က
ထုတ်ပြန်သော အစီရင်ခံစာ တစ်ရပ်အရ သိရသည်။
အကြီးမားဆုံးငွေကြေးပံ့ပိုးသည့်နိုင်ငံဖြစ်သည့်
အမေရိကန်နိုင်ငံ နုတ်ထွက်ခဲ့သည့်အတွက် ရသုံး
ငွေစာရင်းကို ပုံမှန်အတိုင်းရေးဆွဲဆောင်ရွက်ရန် မဖြစ်နိုင်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့
အကြီးအကဲ တီဒရော့စ် အက်ဒါနွမ် ဂါဘရီယီဆက်စ်က
ရှင်းလင်းပြောကြားသည်။
ဝန်ထမ်းများစုဆောင်းခြင်းကို
ခေတ္တရပ်ဆိုင်းထားရန်၊ ခရီးသွားစရိတ်များကို ဖြတ်တောက်ရန်နှင့် ကုန်ကျစရိတ်များကို လျှော့ချရန် ဂါဘရီယီဆက်စ်က ပြော ကြားသည်။
ထို့ပြင် အမေရိကန်နိုင်ငံအဖွဲ့ဝင်အဖြစ်မှ နုတ်ထွက်မှုသည်
ဖွံ့ဖြိုးဆဲနိုင်ငံများရှိ ကူးစက်ရောဂါများ ကို ကိုင်တွယ်ဖြေရှင်းနိုင်မှုနှင့် အခြားသောအခြေအနေများကို
တုံ့ပြန်သည့် အဖွဲ့အစည်း၏ လုပ်နိုင် စွမ်းရည်အပေါ် ထိခိုက်မည်ကို စိုးရိမ်မှုများမြင့်တက်လျက်ရှိသည်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့သည်
သမာသမတ်ကျပြီး ကမ္ဘာ့ပြည်သူအားလုံးကို ဝန်ဆောင်မှုပေးလျက် ရှိကြောင်း ဂါဘရီယီဆက်စ်က ပြောကြားသည်။
ကိုးကား - အင်န်အိတ်ချ်ကေ
ဘာသာပြန် - အောင်ကျော်ကျော်

No comments