အီဂျစ်နိုင်ငံ၌ အဆောက်အအုံပြိုကျမှုကြောင့် ၁၀ ဦးထက်မနည်းသေဆုံး
ကိုင်ရို ဖေဖော်ဝါရီ
၁၇
အီဂျစ်နိုင်ငံ ဂီဇာပြည်နယ်၌ ဖေဖော်ဝါရီ ၁၇ ရက်တွင် အဆောက်အအုံတစ်လုံး ပြိုကျမှုဖြစ်ပွား သဖြင့် ၁၀ ဦးထက်မနည်း သေဆုံးပြီး သုံးဦးဒဏ်ရာရရှိကြောင်း ဒေသတွင်းမီဒီယာများက ထုတ်ပြန်ထားသည်။
ဂီဇာပိရမစ်အနီး ကာဒါဆာဒေသ၌
သုံးထပ်အဆောက်အအုံ၏ ဒုတိယထပ်တွင် ပေါက်ကွဲမှု
ဖြစ်ပွားခဲ့ကြောင်း သတင်းများတွင် ဖော်ပြထားသည်။
အဆောက်အအုံပြိုကျမှုကြောင့် ဒဏ်ရာရရှိသူများအား အနီးနားရှိဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း၊
ပေါက်ကွဲမှုကြောင့် မီးလောင်မှုဖြစ်ပွားသဖြင့် အရပ်ဘက်ကာကွယ်ရေးတပ်ဖွဲ့များက မီးငြှိမ်းသတ်
ခဲ့ကြောင်း သိရသည်။ ဓာတ်ငွေ့ယိုစိမ့်မှုကြောင့်
ပေါက်ကွဲမှုဖြစ်ပေါ်နိုင်ကြောင်း ပဏာမ စုံစမ်း စစ်ဆေးမှုများအရ သိရသည်။
ဆင်ဟွာ

No comments