အင်ဒိုနီးရှားနိုင်ငံ၌ နိုင်ငံပေါင်းစုံ ရေကြောင်းစစ်ရေးလေ့ကျင့်မှု စတင်
ဂျကာတာ
ဖေဖော်ဝါရီ ၁၇
အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းတွင် နိုင်ငံပေါင်းစုံ ရေကြောင်းစစ်ရေးလေ့ကျင့်မှုကို စတင်ခဲ့ကြောင်း သိရသည်။
အဆိုပါ ရေကြောင်းစစ်ရေး လေ့ကျင့်မှုတွင် အမေရိကန်နှင့် တရုတ်နိုင်ငံတို့ အပါအဝင် နိုင်ငံပေါင်း ၃၈ နိုင်ငံ ပါဝင်သည်။
ကိုမိုဒိုဟုခေါ်သော အဆိုပါ နိုင်ငံပေါင်းစုံ ရေကြောင်းစစ်ရေးလေ့ကျင့်မှုကို ဖေဖော်ဝါရီ
၁၅ ရက်တွင် စတင်ခဲ့ကြောင်း၊ ရုရှားနှင့် ဂျပန်နိုင်ငံတို့လည်း ပါဝင်ကြောင်း သိရသည်။
ထို့အပြင် ယင်းစစ်ရေးလေ့ကျင့်မှုတွင် စစ်ဘက်ဆိုင်ရာ သင်္ဘောအစင်း ၃၀ ကျော်၊
ရေကြောင်းကင်းလှည့် လေယာဉ်နှင့် ရဟတ်ယာဉ်တို့ ပါဝင်သည်။
စစ်ရေးလေ့ကျင့်မှုတွင် ပါဝင်သူများသည်
ဘေးအန္တရာယ်လျော့ပါးရေးနှင့် လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အကူအညီများကဲ့သို့သော နယ်ပယ်များတွင်
ပူးပေါင်းဆောင်ရွက်မှုကို အားကောင်းစေမည်ဖြစ်သည်။ ပင်လယ်ပြင်လေ့ကျင့်မှုများအပြင် တရားမဝင်ငါးဖမ်းခြင်း၊
မှောင်ခို ကူးခြင်းနှင့် တရားမဝင်ရွှေ့ပြောင်းနေထိုင်သူများ အရေးနှင့်ပတ်သက်ပြီးလည်း
ပူးပေါင်းလုပ်ဆောင် သွားကြမည်ဖြစ်သည်။
အင်ဒိုနီးရှားရေတပ်ဦးစီးချုပ်သည်
စစ်ရေးလေ့ကျင့်မှုက နိုင်ငံများအကြား တင်းမာမှုများကို ဖြေလျှော့ပေးနိုင်လိမ့်မည်ဟု မျှော်လင့်ကြောင်း ပြောကြားသည်။
စစ်ရေးလေ့ကျင့်မှုကို ဖေဖော်ဝါရီ ၂၂ ရက်အထိ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။
အင်န်အိတ်ချ်ကေ

No comments