ညောင်လေးပင်မြို့နယ်၌ ဆောင်းပဲတီစိမ်းစံကွက်ရိတ်သိမ်းပွဲ ကျင်းပ
ညောင်လေးပင် ဖေဖော်ဝါရီ
၁၇
ညောင်လေးပင်မြို့နယ်၌
ဆောင်းပဲတီစိမ်းစံကွက်ရိတ်သိမ်းပွဲကို ယမန်နေ့နံနက် ၉ နာရီက ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်မြို့နယ်
ဝဲဝန်းကျေးရွာအုပ်စု ဘိုင်းဒါးကျေးရွာတောင်သူ ဒေါ်အေးမာလာ၏လယ်မြေတွင် စိုက်ပျိုးထားရှိသောပဲတီစိမ်းသြဇီ
၁၅ ဧကတွင် စံကွက်ရိတ်သိမ်းခဲ့ သည်။
စံကွက်ရိတ်သိမ်းပွဲတွင်
မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစိုးနိုင်နှင့် မြို့နယ်စက်မှု
လယ်ယာဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးအောင်ဆန်းနိုင်တို့က ဆောင်းပဲတီစိမ်းစိုက်ပျိုးရခြင်းကြောင့်
ရရှိမည့်အကျိုးများနှင့် နှစ်စဉ်စိုက်ပျိုးနိုင်ရန်အတွက် ဆောင်ရွက်ရန်များကို ရှင်းလင်းပြောကြားပြီး
ကျွမ်းကျင်ပညာရှင်များက စက်များအသုံးပြုကာ ရိတ်သိမ်းပေးကြသည်။
ဆောင်းပဲတီစိမ်း
စံကွက်ရိတ်သိမ်းပွဲသို့ ညောင်လေးပင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်ကျော်စိုးနှင့်
ခရိုင်စိုက်ပျိုးမွေးမြူရေးကြီးကြပ်မှု ကော်မတီအဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိုး မွေးမြူရေးကြီးကြပ်မှု
ကော်မတီအဖွဲ့ဝင်များ ကြည့်ရှုအားပေးခဲ့ကြပြီး ဒေသခံတောင်သူ ၅၁ ဦးခန့် တက်ရောက်လေ့လာခဲ့ကြသည်။
ဆောင်းပဲတီစိမ်း
စံကွက်ရိတ်သိမ်းရာတွင် ပဲတီစိမ်းဩဇီတစ်ဧကလျှင် အထွက်တင်း ၃၁ ဒသမ ၂၅ တင်းထွက်ရှိကြောင်း
သိရသည်။
နေလင်း(ညောင်လေးပင်)

No comments