ပျဉ်းမနားမြို့နယ် ကျွန်းဦးစံပြကျေးရွာရှိ ကုန်ထုတ်သမဝါယမအသင်းများမှ စားသောက်ကုန်များ ထုတ်လုပ်လျက်ရှိ



နေပြည်တော် ဖေဖော်ဝါရီ ၁၇

 

နေပြည်တော် ပျဉ်းမနားမြို့နယ် ကျွန်းဦးစံပြကျေးရွာရှိ ကုန်ထုတ်သမဝါယမအသင်း ၁၈ သင်းမှ အသင်းသားဦးရေ ၁၁၈ ဦးတို့အား ကုန်ထုတ်လုပ်ငန်းများတိုးတက်စေရေး၊ ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်စေရေးနှင့် ထွက်ကုန်အမယ်အသစ်များ ပိုမိုထုတ်လုပ်နိုင်ရေးအတွက် သမဝါယမအသင်း အချင်းချင်းပံ့ပိုးငွေဖြင့် ငွေကျပ်သိန်း ၁၄၅၀ ကို ပံ့ပိုးပေးခဲ့သည်။

 

အဆိုပါ ပံ့ပိုးငွေဖြင့် ကုန်ထုတ်သမဝါယမအသင်းများမှ ပဲလှော်၊ ပဲကြော်၊ စာကလေးချောင်းကြော်၊ မာလာရှမ်းကော စသည်တို့ထုတ်လုပ်ပြီး ပဲလှော်၊ ပဲကြော်ကို တစ်ရက်လျှင် ပိဿာ ၃၀ ဝင် ခြောက်အိတ်ထုတ်လုပ်နိုင်ကာ စာကလေးချောင်းကြော်၊ ပြောင်းဖူးလှော်၊ ကြက်သွန်ပေါင်း၊ မာလာရှမ်းကော စသည့်စားသောက်ကုန်များကို တစ်ရက်လျှင် အထုပ်ပေါင်း ၄၀၀ ခန့် ထုတ်လုပ်နိုင်ကြောင်း သိရသည်။

 

သတင်းစဉ်

No comments

Powered by Blogger.