ဒဂုံမြို့နယ် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းတွင်းအာဟာရကျွေးမွေးခြင်း အစီအစဉ် ပြုလုပ်
ရန်ကုန် ဖေဖော်ဝါရီ ၁၇
ရန်ကုန်တိုင်းဒေသကြီး
ဒဂုံမြို့နယ် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌
ပညာသင်ကြားလျက်ရှိသည့် Grade-1 ကျောင်းသား၊ ကျောင်းသူ
၁၅၄ ဦးအား ကျောင်းတွင်းအာဟာရကျွေးမွေးခြင်း အစီအစဉ်ကို
ယနေ့ မွန်းလွဲပိုင်းတွင် အ.ထ.က(၁) ဒဂုံ၏ ဒဂုံသီရိခန်းမ၌
ပြုလုပ်ပြီး ကျောင်းသားကျောင်းသူများကို ထမင်း၊ သီးစုံပဲကုလားဟင်းနှင့်
ဖီးကြမ်း ငှက်ပျောသီးတို့ကို ကျွေးမွေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်

No comments