ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ်(၁၀) သင်တန်းဖွင့်ပွဲများအား တိုင်းစစ်ဌာနချုပ်အသီးသီး၌ ကျင်းပ
နေပြည်တော် ဖေဖော်ဝါရီ ၁၇
နိုင်ငံတော်ကာကွယ်ရေးနှင့်
လုံခြုံရေးတာဝန်ထမ်းဆောင်နိုင်ရန် အတွက် ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၁၀) တွင်
ပါဝင်တက်ရောက်ကြမည့် အရည်အချင်းကိုက်ညီသူ နိုင်ငံ့သားကောင်းများသည် သက်ဆိုင်ရာ
တိုင်းစစ်ဌာနချုပ် နယ်မြေများရှိ သင်တန်းကျောင်းအသီးသီးသို့ရောက်ရှိ၍ လိုအပ်သည့်
ကြိုတင်ပြင်ဆင်မှုများကို ဆောင်ရွက်ခဲ့ကြသည်။ ယနေ့နံနက်ပိုင်းတွင် အဆိုပါသင်တန်း
ကျောင်းအသီးသီး၌ ပြည်သူ့စစ်မှုထမ်း သင်တန်းအမှတ်စဉ် (၁၀) သင်တန်းဖွင့်ပွဲများပြုလုပ်ကြသည်။
သင်တန်းဖွင့်ပွဲများတွင် သင်တန်းကျောင်းများအလိုက် ကျောင်းအုပ်ကြီးများက
သင်တန်းဖွင့် အမှာစကားများ ပြောကြားကြသည်။
အဆိုပါ သင်တန်းဖွင့်ပွဲများသို့
နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊
တိုင်းမှူးများနှင့် တာဝန်ရှိသူများ တက်ရောက်၍ ပြည်သူ့စစ်မှုထမ်း သင်တန်းအမှတ်စဉ် (၁၀)
မှ သင်တန်းသားများအားတွေ့ဆုံကာ သင်တန်းသားများအတွက် ဂုဏ်ပြု ချီးမြှင့်ငွေများနှင့်
ပစ္စည်းများပေးအပ်ကြပြီး သင်တန်းသားများအား လိုက်လံနှုတ်ဆက် အားပေးခဲ့ကြသည်။
ပြည်ထောင်စု မပြိုကွဲရေး၊
တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲရေးနှင့် အချုပ်အခြာအာဏာ
တည်တံ့ခိုင်မြဲရေးဟူသည့် ဒို့တာဝန် အရေးသုံးပါးကို ထိန်းသိမ်းစောင့်ရှောက်ရန်
နိုင်ငံသားတိုင်းတွင် တာဝန်ရှိကြသဖြင့် ယင်းတာဝန်များကို ထမ်းဆောင်နိုင်ရေးအတွက်
စစ်ပညာသင်ကြားရန်နှင့် နိုင်ငံတော်၏ ကာကွယ်ရေးတာဝန်များကို ထမ်းဆောင်နိုင်ရန်
ရည်ရွယ်၍ ပြည်သူ့စစ်မှုထမ်း ဥပဒေကို ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၁၀ ရက်တွင် စတင်အာဏာ
တည်စေခဲ့ပြီး ပြည်သူ့စစ်မှုထမ်း သင်တန်းများကို ဖွင့်လှစ်သင်ကြား ပေးခဲ့သည်။
ပြည်သူ့စစ်မှုထမ်း သင်တန်း အမှတ်စဉ်(၁)ကို ၂၀၂၄ ခုနှစ် ဧပြီ ၈ ရက်မှ စတင်၍
ဖွင့်လှစ်သင်ကြားပေးခဲ့ပြီး သင်တန်းဆင်းခဲ့သည့် ပြည်သူ့စစ်မှုထမ်း နိုင်ငံ့သားကောင်းများသည်
တာဝန်ကျရာ တပ်ရင်း/တပ်ဖွဲ့အသီးသီးတွင် နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို
ဦးလည်မသုန် ကျေပွန်စွာ ထမ်းဆောင်နေကြပြီဖြစ်သည်။
ယနေ့တွင် ဖွင့်လှစ်လိုက်သည့်
ပြည်သူ့စစ်မှုထမ်း သင်တန်း အမှတ်စဉ်(၁၀)မှ နိုင်ငံ့သားကောင်း လူငယ်များအဖြစ် နိုင်ငံတော်
ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန် များကို ဂုဏ်ယူစွာထမ်းဆောင်ရန်
သင်တန်းတက်ရောက်ကြမည့် သင်တန်းသားများ၏ စကားသံများကိုလည်း ယခုကဲ့သို့ ကြားသိ
ခဲ့ရပါသည်-
နိုင်ငံတော်ကာကွယ်ရေး တာဝန် တွေကို တစ်ထောင့်တစ်နေရာက ထမ်းဆောင်ဖို့အတွက် နိုင်ငံသား
တိုင်းမှာ တာဝန်ရှိတာကြောင့် ဒီဥပဒေပြဋ္ဌာန်းခြင်းဟာ မဖြစ်မနေ ရှိသင့်တဲ့
ပြဋ္ဌာန်းချက်တစ်ခုပဲလို့ ထင်မြင်မိပါတယ်။ နောင်လာမယ့် ညီငယ်တွေလည်း ဒီသင်တန်းကို
လာရောက်တက်သင့်တယ်လို့ ဖိတ်ခေါ်ချင်ပါတယ်။
ကျွန်တော့်ရဲ့ ရည်ရွယ်ချက်က
အဓိကတော့ မြန်မာနိုင်ငံသားတစ်ယောက်ပီပီ နိုင်ငံသားတစ်ယောက်ရဲ့ တာဝန်ဝတ္တရားအရ
ကျွန်တော်တို့ဒါကို တတ်ကိုတတ်ရမယ့် နိုင်ငံသားဥပဒေပါတဲ့အတွက်ကြောင့် ဒီမှာတက်ရောက်ခြင်းဖြစ်ပါတယ်ခင်ဗျာ။
ပြည်သူ တစ်ယောက်အနေနဲ့ တာဝန်သိတာဝန်ယူတဲ့စိတ် အနေနဲ့ လာပြီးတာဝန်ထမ်းဆောင်ခြင်း
ဖြစ်ပါတယ်။
ကျွန်တော့် ရည်ရွယ်ချက်ကတော့
မြန်မာနိုင်ငံမှာ ချမှတ်ထားတဲ့ဥပဒေတိုင်းကို မြန်မာနိုင်ငံသားတိုင်း
လိုက်နာရမှာဖြစ်တဲ့အတွက် မြန်မာနိုင်ငံသား တစ်ယောက်အနေနဲ့ ဒီဥပဒေကို
လိုက်နာတဲ့အနေနဲ့ ဒီသင်တန်းကို လာရောက်တက်ရောက်ခြင်း ဖြစ်ပါတယ်။ ပြည်သူ့စစ်မှုထမ်း
ဥပဒေ ကျင့်သုံးတဲ့အတွက် ကျွန်တော့်အမြင်ကတော့ အလွန်ကောင်းတယ်လို့ မြင်ပါတယ်။
ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော် တို့နိုင်ငံတင်မဟုတ်ဘဲ ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာလည်း
စစ်မှုထမ်းဥပဒေကို ကျင့်သုံးနေကြတာပါ။ ဒါ့ကြောင့် ကျွန်တော်တို့နိုင်ငံတစ်ခု
တည်းမဟုတ်ဘဲနဲ့ တခြားသော နိုင်ငံတွေပါ ကျင့်သုံးနေခြင်းဖြစ်တဲ့ အတွက် ကျွန်တော်ကတော့
ကောင်းလည်း ကောင်းတယ်၊ လက်လည်း လက်ခံပါတယ်။
သတင်းစဉ်
.jpg)

.jpg)






No comments