မြစ်သားမြို့နယ်၌ ကုလားပဲ(ဆောင်း)သီးနှံများ ထွက်ပေါ်၍ အကျိုးအမြတ်ရရှိ
မန္တလေး ဖေဖော်ဝါရီ
၂၅
မန္တလေးတိုင်းဒေသကြီး
မြစ်သားမြို့နယ်အတွင်းရှိ ကျေးရွာများသည် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းကို လုပ်ကိုင်ကြပြီး
သီးနှံမျိုးစုံစိုက်ပျိုးလျက်ရှိရာ ကုလားပဲ(ဆောင်း) သီးနှံကိုလည်း စိုက်ပျိုးကြကြောင်း၊
မြို့နယ်အတွင်း ကုလားပဲ (ဆောင်း) စိုက်ဧကအနေဖြင့်၃၂၇၇၅ ဧက စိုက်ပျိုးထားရှိကြောင်း
ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာန၏ စာရင်းများအရ သိရပြီး ယခုအချိန်တွင် ကုလားပဲ(ဆောင်း)သီးနှံများ
ထွက်ပေါ်လျက်ရှိကြောင်း သိရသည်။
ကုလားပဲ(ဆောင်း)
သီးနှံကို နိုဝင်ဘာလနှင့် ဒီဇင်ဘာလများတွင် စတင်စိုက်ပျိုးပြီး ဖေဖော်ဝါရီလနှင့် မတ်လများတွင်
ရိတ်သိမ်းထွက်ပေါ်ကြောင်း၊ V2 ကုလားပဲမျိုး၊ V7 ကုလားပဲမျိုး၊ 929 ကုလားပဲမျိုးနှင့်
TW (ထိုင်ဝမ်) ကုလားပဲမျိုးများရှိပြီး V2 ကုလားပဲမျိုးများကို အများဆုံးစိုက်ပျိုးကြကြောင်း၊
ကုလားပဲကို ကြဲပက်စနစ်ဖြင့်စိုက်ပျိုးကြပြီး တစ်ဧကလျှင် မျိုးစေ့နှစ်တင်းခန့်ကုန်ကျကြောင်း၊
မျိုး၊ သွင်းအားစု၊ မြေပြုပြင်ခြင်း၊ လုပ်သားခအပါအဝင် တစ်ဧကလျှင် စုစုပေါင်း ငွေကျပ်
၃၅၀၀၀၀ ခန့် ကုန်ကျကြောင်း၊ တစ်ဧကလျှင် ပုံမှန် ၁၀-၁၂ တင်းခန့်ထွက်ရှိပြီး သီးနှံဖြစ်ထွန်းအောင်မြင်၍
အထွက်နှုန်းကောင်းမွန်ပါက ၁၅-၂၀ တင်းခန့် ထွက်ရှိကြောင်း ဈေးကွက်အနေဖြင့် တောင်သူများက
မြစ်သားမြို့နှင့် ကျောက်ဆည်မြို့တို့ရှိ ပွဲရုံများသို့ တိုက်ရိုက်တင်ပို့ရောင်းချပြီး
ပွဲရုံများမှတစ်ဆင့် မန္တလေးမြို့နှင့် ရန်ကုန်မြို့တို့သို့ တင်ပို့ရောင်းချကြောင်း
သိရသည်။
သတင်းရင်းမြစ်
- စီးပွား/ကူးသန်း

No comments