တံတားဦးမြို့နယ်၌ ရုံးပတီသီးနှံ စိုက်ပျိုးခြင်းဖြင့် အကျိုးအမြတ်ရရှိ
မန္တလေး ဖေဖော်ဝါရီ
၂၅
မန္တလေးတိုင်းဒေသကြီး
တံတားဦးမြို့နယ်အတွင်းရှိ ကျေးရွာများတွင် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းကို လုပ်ကိုင်ကြပြီး
သီးနှံမျိုးစုံစိုက်ပျိုးလျက်ရှိရာ မိသားစုအပိုဝင်ငွေရရှိရန်အတွက် စိုက်ပျိုးရလွယ်ကူသော
ရုံးပတီသီးနှံကို တစ်နိုင်တစ်ပိုင်စိုက်ပျိုးရာမှ စီးပွားဖြစ်စိုက်ပျိုးလာကြကြောင်း
သိရသည်။
ရုံးပတီသီးနှံကို
ရာသီမရွေးစိုက်ပျိုးနိုင်ကြောင်း၊ စိုက်ပျိုးပြီး နှစ်လခန့်အကြာတွင် စတင်ခူးဆွတ်ရကြောင်း၊
မျိုးအနေဖြင့် ပင်ပုမျိုး၊ ပင်လတ်မျိုး၊ ပင်မြင့်မျိုးများရှိပြီး ပင်လတ်ရုံးပတီမျိုးများကို
အများဆုံးစိုက်ပျိုးလျက်ရှိရာ တစ်ဧကလျှင် မျိုးစေ့ 10 Kg ပါ တစ်ထုပ်ခန့် ကုန်ကျကြောင်း၊
တန်းခြား သုံးပေ၊ ပင်ခြား တစ်ပေ-တစ်ပေခွဲထား၍ ဘောင်ခတ်စနစ်ဖြင့် စိုက်ပျိုးရပြီး မျိုး၊
သွင်းအားစု၊ မြေပြုပြင်ခ၊ လုပ်သားခ အပါအဝင် တစ်ဧကလျှင် စုစုပေါင်းငွေကျပ် ၃၅၀၀၀၀ ခန့်
ကုန်ကျကြောင်း၊ ရုံးပတီသီးနှံကို သုံးရက်ခြားတစ်ကြိမ်နှုန်းဖြင့် သက်တမ်းနှစ်လခန့်အထိ
ခူးဆွတ်ရပြီး တစ်ဧကလျှင် ရုံးပတီသီး ပိဿာချိန် ၁၂၀၀-၁၃၀၀ ခန့်ထွက်ရှိကြောင်း၊ ဈေးကွက်အနေဖြင့်
ကုန်စိမ်းပွဲစားများက စိုက်ခင်းသို့လာရောက်ဝယ်ယူပြီး ဒေသတွင်းရောင်းချမှုအပြင် ရန်ကုန်မြို့နှင့်
ညောင်လေးပင်မြို့တို့သို့ တင်ပို့ရောင်းချကြကြောင်း၊ ရုံးပတီသီးနှံသည် ရာသီမရွေးစိုက်ပျိုးနိုင်ပြီး
ဈေးကောင်းရရှိသည့်အတွက် တောင်သူများအနေဖြင့် အကျိုးအမြတ်များ ပိုမိုရရှိကြောင်း တောင်သူတစ်ဦးထံမှ
သိရသည်။
သတင်းရင်းမြစ်
- စီးပွား/ကူးသန်း

No comments